Chapter 97

4K 533 13
                                    

Unicode

မင်းမျက်နှာက အရမ်းပူနေတယ်

မတူညီသောထင်မြင်ယူဆချက်အမျိုးမျိုးအောက်မှာ လင်းမြောင်က သူမရဲ့ အားကစားသမားဘဝကို အဆုံးသတ်လိုက်သည်။သူမ ဟာတာတာ​ကြီး ခံစားနေရပါ၏။

သူမရဲ့ အစကနဦး အစီအစဉ်က နိုင်ငံတစ်ဝန်းကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုပြီး တက္ကသိုလ်တစ်ခုကို ဝင်ရောက်မည်လို့ပေါ့။ ဒါပေမယ့် သူမ တက္ကသိုလ်တွေကို စိတ်ဝင်စားမှုပြမိစဉ် ကျောင်းပေါင်းများစွာမှ သူမကို ကမ်းလှမ်းလာခဲ့သည်။

ရထားလမ်းချော်ပြီး နေရာမှာတင် တိတ်တဆိတ်ရပ်တန့်သွားသည့်ပမာ လင်းမြောင် ခံစားလိုက်ရသည်။ သူမ ဒါတွေနဲ့ ကျင့်သားမရသေးတာ ဧကန်မုချ။

ဒါပေမယ့် ထိုကျောင်းတစ်ခုကမှ အမှတ်တစ်ခုထဲဖြင့် ကိုကို့တို့ တက္ကသိုလ်ကိုဝင်ခွင့်ရနိုင်ဖို့ သူမအတွက် အာမခံချက်မရှိတာသေချာသည်။

သူမ ဆုံးဖြတ်ချက်ချဖို့ အချိန်အနည်းငယ် လွန်ဆွဲခဲ့ရပေမယ့် နောက်ဆုံးမှာတော့ စာမေးပွဲဖြေဖို့ ဆုံးဖြတ်ထားမိစဲဖြစ်၏။

ယုကျင်းရွှမ်က မဟာဘွဲ့ယူဖို့လေ့လာပြင်ဆင်ရင်း အလုပ်များနေသဖြင့် နှစ်ယောက်သား စာကြည့်တိုက်တွင်သာ ဆက်တွေ့ဖြစ်ကြသည်။ ယခုအခါ ယုကျင်းရွှမ်တို့ကျောင်းက စာကြည့်တိုက် ဖြစ်သွားတာက လွဲရင်ပေါ့။

လင်းမြောင်ရဲ့ မနက်စောစောအိပ်ရာထတဲ့အကျင့်က အလွန်အသုံးဝင်လာသည်။

မနက်စောစောထ သူမအတွက် နွားနို့နဲ့ ပန်းသီးတစ်လုံးကိုထုတ်ပိုးပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူမရဲ့ဒူးခေါင်းက ကုသနေရစဲ။ ထို့ကြောင့် သူမ ဂရုစိုက်နေရသည်။

‌ထိုစဉ် ယုကျင်းရွှမ်က သူမကို စောင့်နေတာ မြင်လိုက်ရသည်။

ယုကျင်းရွှမ်က သူ့ laptop ပါတစ်ပါတည်း သယ်ဆောင်လာခဲ့သည်။ ကျောင်းကိုရောက်တဲ့အချိန် စာကြည့်တိုက်က မဖွင့်သေး။ ဒါပေမယ့် ဒီနှစ်ရဲ့ဒီအချိန်ဆို လူတိုင်း ဘွဲ့စာတမ်းရေးဖို့ အလုပ်များကြချိန်ဖြစ်၍ စာကြည့်တိုက်ရဲ့ အပြင်ဘက်တွင်‌ စောင့်ဆိုင်းနေကြသော လူတန်းရှည်ကြီးတစ်ခုရှိနေလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now