(Unicode)Chapter 8: ပုံပြင်ပြောချိန်

5.6K 769 0
                                    

လင်းမြောင် အနေရခက်နေလေသည်။ ဆရာဝန်ကသူမကို ချိုချိုသာသာပြောလာ၏။
“သခင်လေးက ကျန်းမာရေးမကောင်းဘူး သူ့ကိုအပြင်မှာ လေတိုက်ထဲ မနေစေနဲ့၊ ဟုတ်ပြီလား”
“အဲ့တာဆို အခန်းထဲမှာကော လမ်းပတ်လျှောက်လို့ ရလား”
လင်းမြာင် ညင်ညင်သာသာ ဖြင့် မေးလိုက်သည်။
“လုပ်လို့ ရတယ်၊ ဒါပေမယ့် ဂရုတော့စိုက် သူလဲကျရင် နင်ဘာတာဝန်မှ ယူနိုင်မှာမဟုတ်ဘူး”
လင်းမြောင်ခေါင်းညိမ့်လိုက်သည်။  အခန်းထဲကထွက်လာတဲ့ အခါလင်းမြာင် သက်သာရာ ရသွား၏။သူမကို မရိုက်လို့တော်သေးသည်။

အရင်တုန်းကဆို ဆရာမက သူမကိုရုံးခန်းခေါ်ပြီး ရိုက် တတ်လေသည်။ကြိမ်လုံးနဲ့တောင် သူမကိုရိုက်တတ်သေး သည်။အဲ့တာပြီးတဲ့နောက် သူမ လူကြီးတွေနဲ့စကားပြောဖို့ ကြောက်ရွံ့သွားသည် အထိ ဖြစ်စေခဲ့သည်။

သခင်လေးက အိပ်နေလေသည်။ ထို့ကြောင့် လင်းမြောင် အခန်းထဲမှာ တစ်ယောက်တည်း မသက်မသာဖြင့်စာဖတ်လို့နေလေသည်။ရွာမှာတုန်းက အမေနဲ့ မောင်လေး ရှိပြီးသူငယ်ချင်းတွေနဲ့ မှိုချိုးထွက်တတ်သေးသည်။သူမတစ်ယောက်တည်းနေတာကို အသားမကျသေးပေ။

ဒါ့ကြောင့် သခင်လေးရဲ့အခန်းထဲ ကိုသူမရဲ့ ဖတ်စာအုပ်နဲ့ခဲတံယူကာ ခိုးကြောင်ခိုးဝှက်ဝင် သွားလိုက်၏။

သူအိပ်နေတုန်းပင်။

လင်းမြောင် ကြမ်းပြင်ပေါ် မှာထိုင်ချလိုက်သည်။ သခင်လေး နိုးလာတာကိုစောင့်နေရင်း အက္ခရာတွေကို လေ့လာဖတ်ရှုနေလိုက်သည်။ လင်းမြောင်စာသိပ်မလုပ်ဖြစ်ခဲ့တာကြောင့် အခန်းတစ် ကျွန်ုပ်တို့ ၏မူလတန်းကြောင်းမှ စလိုက်သည်။ ဆရာမက ဒါတွေကိုသင်ထား ခဲ့ပြီးသားပင်။

သူမစာမလုပ် ချင်နေပေမယ့် သူမအမေကို စာလုပ်ပါ့မယ်လို့ ကတိပေးခဲ့တာကြောင့် သူမကတိတည် ရပေလိမ့်မည်။

လင်းမြောင် အက္ခရာသစ်တွေကို ပါးစပ်ကဆိုရင်း ကူးရေးလိုက်သည်။ သူမရဲ့ ဖတ်စာအုပ်က တချို့ အက္ခရာတွေကအသံထွက် (Pinyin)  ပါပေမယ့် များသော အားဖြင့်မပါကြ။

လင်းမြောင် အက္ခရာတော်တော် များများကို မမှတ်မိနေခဲ့ပေ။  သူမအမေ ဝယ်ပေးထားတဲ့ အဘိဓာန်ယူဖို့ မေ့လာခဲ့တာ သတိရသွားချေ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now