(Unicode)Chapter 36 : ချီးကျုးပေးမယ်

4.6K 704 50
                                    

Unicode

လင်းမြောင် ကိုကို့ကို စာအိတ်နီလေးပေးပြီးတဲ့နောက်တောင် အနည်းငယ်ရှက်လို့နေစဲပင်။ သူမရဲ့အမေနဲ့ အဒေါ်တွေ အချင်းချင်း လက်ဆောင်တွေ အပြန်အလှန်ပေးကြတုန်းက ပုံစံလိုမျိုးတောင် သူမ လုပ်လိုက်မိသေးသည်။

ကံကောင်းတာ သခင်လေးက အေးအေးဆေးဆေး လက်ခံလိုက်လေသည်။ လင်းမြောင်လည်း သက်သာရာရသွားပြီး သူမရဲ့ရှက်သည်းဖြာမှုဟာ ပျော်ရွှင်မှုအသွင်သို့ ကူးပြောင်းသွား၏။

ဒါပေမယ့် ပိုအရေးကြီးတာက သူမရဲ့ကိုကိုလည်း ပျော်နေပုံရသည်။

သူမရဲ့အပြုံးတွေကြောင့် ပါးစပ်မစေ့နိုင်တာကို မြင်တော့ သခင်လေး သူမကိုထမင်းစားဖို့ ခေါ်ဆောင်သွားလိုက်သည်။ထို့နောက် သူမရဲ့လက်ကောက်ဝတ်က ညိုမဲ ဒဏ်ရာတွေကို မြင်လိုက်ရလေသည်။ လင်းမြောင်က အသားသိပ်မညိုတော့။ ထို့ကြောင့် ညိုမဲရာတွေက မြင်သာလာသည်။

“ဘာလိုဖြစ်ပြီး ထိခိုက်ခဲ့တာလဲ?” သခင်လေးမှာ သုန်မှုန်လို့လာချေသည်။

“လေ့ကျင်းရေးဆင်းတုန်းက မတော်တဆ တိုက်မိခဲ့တာ” လင်းမြောင်က အာရုံထဲသိပ်မရှိ လှေကားလက်ရန်းကိုသာ လက်ဖြင့် ပွတ်ဆွဲနေ၏။

လင်းမြောင် ဒါကိုသိပ်ဂရုမစိုက်လေဘူး။ အရမ်းကြီး ပြင်းပြင်းထန်ထန်မဟုတ် အသားတောင် နီမသွားချေ။သို့ပေမယ့် အပြာရောင်ညိုမဲကွက်က ဘာကြောင့်မှန်းမသိ တစ်ညကျော်မှ ပေါ်လို့လာသည်။ လင်းမြောင်ကတော့ နောက်ရက်နည်းနည်းလောက်ကြာရင် တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပဲဟုသာ တွေးလိုက်၏။ဒါကသူမအတွက် သာမာန်ပဲ ။သူမငယ်ငယ်ကတည်းက ပစ္စည်းတွေတစ်ခုခုပြီးတစ်ခုနဲ့ ဝင်တိုက်မိလေ့ရှိတတ်သည်။

သို့ပေသော်ငြား သခင်လေးကတော့ သူမကို ချက်ချင်း ကားထဲဆွဲသွင်းကာ ဒါရိုက်ဘာကို ဆေးရုံသို့ မောင်းခိုင်းလေတော့သည်။

ကားဒါရိုက်ဘာဟာ ဒါကိုကြားတော့ စိတ်ပူပန်သွားရသည်။ သခင်လေး တစ်ခုခု ထိခိုက် ဒဏ်ရာရတယ်လို့ ထင်လိုက်မိလေသည်။လင်းမြောင်လက်က ညိုမဲဒဏ်ရာသေးသေးလေးကို မြင်တော့မှသာ သက်ပြင်းချလိုက်နိုင်တော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now