( Unicode) Chapter 30 : ကိုကို့ဆီ သွားလည်ခြင်း

4.8K 698 14
                                    

Unicode

လင်းမြောင်ကားထဲမှာထိုင်ရင်း ဟိုရောက်တာနဲ့ တစ်ခါတည်းကိုကို့ကို အံ့ဩသွားရအောင် လုပ်ရမယ်ဆိုပြီး တွေးတောလို့နေသည်။ သူမကို မြင်ရင် သူသေချာပေါက် အံဩသွားမှာပင်။ သူလည်းပဲ သူမ ကို အိမ်ကထွက်ပြေးလာတာလို့ ထင်နိုင်ပေအုန်းမည်။

ပြီးရင်တော့ သူမက ကာယဆရာ သူမကို ကြက်တောင်ရိုက်ပြိုင်ပွဲအတွက် မြို့ကိုခေါ်လာတာပါဟု ပြောလိုက်မည်။ သူသေချာပေါက် ထပ်ပြီးအံ့ဩသွားမှာပဲ။ ကိုကိုရော သူ့ကျောင်းအသစ်မှာ ဘယ်လိုနေမလဲလို့သိချင်မိသည်။ သူ့ဆရာတွေနဲ့ အတန်းဖော်တွေက သဘောကောင်းရဲ့လားပေါ့…

လင်းမြောင်ရဲ့အတွေးတွေကို ရုတ်ချည်း ဖြတ်တောက်ပစ်လိုက်သူကတော့ ခရီးစဉ်အတွင်း လိုက်နာရမဲ့ စည်းမျည်းတွေကိုပြောပြနေတဲ့ ကာယဆရာပင်ဖြစ်သည်။မြို့ကကြီးမားကျယ်ဝန်းလှပြီး လမ်းပျောက်ဖို့ လွယ်ကူတာကြောင့် သူတို့ကို အသိမပေးပဲ လျှောက်သွားခွင့်မပြုချေ။သူတို့ ပြိုင်ပွဲမဝင်နေရင် တခြားသူတွေ ယှဉ်ပြိုင်နေကြတာကိုဆရာတွေနဲ့အတူ ထိုင်ကြည့်ကြရပေမည်။

လင်းမြောင် သူမကို အလင်းတန်းကြီးနဲ့ အရိုက်ခံလိုက်ရသလိုခံစားလိုက်ရ၏။ကိုကို့ကို ဘယ်လိုသွားရှာရပါတော့မလဲ?

သခင်လေးကို အံ့ဩသွားအောင်လုပ်ဖို့  နောက်ဆုံးတော့ အခွင့်အရေးရလာခဲ့ပြီဖြစ်ပေမယ့် အခုတော့ ရုတ်တရက်ကြီး လုံးဝဆုံးဆုံးမြုပ်လို့သွားခဲ့ပြီ။

သူမရဲ့ စိတ်ခံစားချက်အပြောင်းအလဲကသိသာလွန်း တာကြောင့် ဆရာဖုန်းဟာ လှစ်လျူရှုပြီး နေလို့မရတော့ချေ။
“ဘာဖြစ်လို့လဲ?”

“သမီးကိုကို ကို ပြိုင်ပွဲပြီးရင် သွားရှာချင်လို့…” လင်းမြောင် ရိုးရိုးသားသား သာဖြေလာသည်။

လင်းမြောင်ဟာ ပန်းရောင် ကုတ်အင်္ကျီလေး ဝတ်ထားပြီး ပေါင်ပေါ်မှာ ကျောပိုးအိတ်လေး တင်ထား၏။ သူမမျက်နှာပေါ်က ဝမ်းနည်းမှုဟာတစ်ယောက်ယောက်က သူမရဲ့သကြားလုံးကို လုယူသွားသယောင်။

ဆရာဖုန်းဟာ နောက်ဆုံးတော့ သူမရဲ့စိတ်တက်ကြွမှုဟာ သူမအစ်ကိုကို တွေ့ဖို့အခွင့်အရေးကြောင့်သာ ဖြစ်ကြောင်း၊ ပြိုင်ပွဲကြောင့် မဟုတ်ကြောင်း နားလည်သွားခဲ့ချေပြီ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now