Chapter 59

4.1K 622 30
                                    

Unicode

ကိုကို့ဘေးမှာ ထိုင်မယ်

ထိုမိန်းကလေးသည် စက္ကန့်ဝက်လောက် ရပ်ကာတွေးနေလိုက်ပြီး နောက်ဆုံးတွင် သူမ အမြန်လက်မှတ်သွားပြန်တောင်းဖို့ ဆုံးဖြတ်လိုက်၏။ သူမရဲ့ကျန်ရှိနေသာ နေ့ရက်များကို အခန်းဖော်၏ အဆက်မပြတ်ညည်းတွားသံတွေဖြင့် မရှင်သန်လို။

ဒါ့ကြောင့် ငါအရှက်ကွဲတော့ရော ဘာဖြစ်လဲ…

သူမရဲ့အခန်းဖော်က ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားဖို့ ပိုက်ဆံမလုံလောက်ခဲ့သဖြင့် ထိုအတွက်နှင့်နှစ်လလောက် ခိုညည်းသလို ညည်းနေခဲ့လေသည်။ သူမကိုကြီးဆွေ့ကို အပြင်မှာတွေ့ခဲ့ပါတယ်ပြောပြီး လက်မှတ်တစ်ခုမှမရခဲ့ပါလျှင် သူမ ဘယ်နှစ်လလောက် ညည်းညူသံကို ခံစားရမလဲဆိုတာကို တွေးတောင်မတွေးရဲပါချေ။

သူမရဲ့အဆောင်ခန်းလေး ငြိမ်းချမ်းဖို့ရာ အနှီမိန်းကလေးသည် ကျောင်းဂိတ်က နှစ်ယောက်ထံသို့ လှည့်ပြေးပါလေတော့သည်။
-
-
-
ထိုစဉ် ကိုကိုက နီးသထက်နီးအောင် လျှောက်လာတာကို မြင်ရတော့ လင်းမြောင်ရဲ့နှလုံးသားလေးက တဟုန်ထိုးခုန်လှုပ်နေလေသည်။

ကိုကိုရဲ့ရှေ့မှာ သူမ ဒီလိုဂါဝန်မျိုးဝတ်တာ ပထမဆုံးပါပင် သူဘယ်လိုထင်လိမ့်မယ်… မလိုက်ဘူးလို့များ တွေးနေမလား?

သူမပိုတွေးလေလေ ပိုပြီးတော့ စိတ်လှုပ်ရှားလာလေလေပင်။

ခဏလေးနဲ့ သခင်လေးက လင်းမြောင်ရှေ့ရောက်လာသည်။ သူမနောက်ဆုံးတွေ့ခဲ့ကြသည်မှာ နှစ်လကျော်ပင် ရှိလောက်ချေပြီ။

သူမ သူ့အိမ်ကနေထွက်သွားခဲ့ကတည်းက ဒီလိုဖြစ်နေခဲ့တာ ပုံမှန်ပင်ဖြစ်သော်ငြား သူခုချိန်ထိ ကျင့်သားမရနိုင်သေးပေ။

လင်းမြောင်ရဲ့ ခပ်ပါးပါးဆံမြိန်လေးက လေပြင်းလေညှင်းလေးရဲ့ကျီစယ်မှုကြောင့် ယိမ်းနွဲ့သွားသည်။

ယုကျင်းရွှမ်က တည်တည်ငြိမ်ငြိမ်ဖြင့် သူမရဲ့ဆံပင်လေးတွေကို ပွတ်သတ်ပေးလိုက်ရင်း
“ဆွေ့ဆွေ့က ကိုကို့ကို တွေ့ဖို့ ဒီကိုရောက်လာတယ်ပေါ့”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now