Chapter 77

4K 606 17
                                    

Unicode

ကိုကို ငါဒရာမာဆန်နေတယ်

ငယ်စဉ်တုန်းက လင်းမြောင်က ယုကျင်းရွှမ်ဆေးသွင်းတာကို စောင့်ကြည့်ပေးခဲ့ရပေမယ့် အခုတော့  ပြောင်းပြန်ဖြစ်လို့သွားရသည်။ လင်းမြောင်က ဆေးသွင်းနေရပြီး ယုကျင်းရွှမ်က သူမကို ပြုစုပေးနေလေသည်။

လင်းမြောင်က ဖျားနာခဲသည်။ သူမရဲ့ကျန်းမာရေးက အမြဲတမ်းကောင်းမွန်နေခဲ့သည်။ သူမတို့ ငယ်စဉ်တုန်းကနှစ်များမှာ ယုကျင်းရွှမ်နာမကျန်းဖြစ်ကာ  အတင်းဆေးတိုက်ခဲ့ရသည့်အချိန်များတွင် လင်းမြောင်ရဲ့နှလုံးသားကသာ နေမကောင်းဖြစ်ခဲ့ရသည်။ တခါတရံ သူရဲ့လက်ကိုကိုင်ထားပြီးလျှင် ကောင်းစွာပျောက်ကင်းသွားပါစေဟု သူမစိတ်ထဲတွင်ဆုတောင်းမိခဲ့သည်။

သူမရဲ့ ကောင်းမွန်တဲ့ကျန်းမာရေးကို သူထံမျှပေးချင်ခဲ့သည်။

သူမရဲ့အဖျားကြောင့်လားတော့မသိ စိတ်ရောကိုယ်ပါအားနည်းသွားရကာ ကလေးမလေးဖြစ်ခဲ့တဲ့ နေ့ရက်များသို့ ချက်ချင်းပြန်ရောက်သွားသည့်ပမာ ခံစားလိုက်ရသည်။

ထိုအချိန်တွေတုန်း ယုကျင်းရွှမ်အကြောင်းသာ နေ့စဉ်နဲ့အမျှတွေးနေခဲ့ပြီး သူမကို သူကြည့်လာဖို့ မျှော်လင့်ခဲ့သည်။ သူမ မိဘတွေထံပြန်ရောက်သွားချိန်တွင်လည်း ဒီအတွေးကကျန်ရှိနေခဲ့ပြီး သူ့ကို အောက်မေ့သတိရနေခဲ့စဲ။

၎င်းအချိန်က သူမ မြို့ကိုပြန်ရောက်လာကာစရှိသေးသည်။ သူလာမတွေ့ခင်တုန်းက သူမ သူ့ထံသွားလည်ချင်ခဲ့သည်က သူမ သူ့တို့အိမ်ကိုရောက်ခါစက သူမတို့အိမ်ကို လမ်းလျှောက်ပြန်ပစ် ချင်သကဲ့သို့ပါပင်။ ယင်းဖြစ်ရပ်နှစ်ခုလုံးကလည်း မဖြစ်နိုင်စရာတွေချည်းပါပင်။

ထိုအခိုက် လင်းမြောင် တစ်ခုခုကို သိလိုက်ရသည်။

အမြဲတမ်း…သူမကပဲ သူလာရှာဖို့ တောင်းဆိုနေခဲ့မိပုံပဲ…

သူမတို့မြို့ကို ခွေးသုံးကောင်နဲ့အတူ သူလာရှာခဲ့သည်။ သူမတို့ကျောင်းကို နွားနို့ပါကင်လိုက်ဝယ်ကာ သူလာလည်ခဲ့၏။ သူမရဲ့ပြိုင်ပွဲတွေကိုလည်း လာကြည့်လျက် သူမကို ဂုဏ်ပြုအားပေးတတ်ခဲ့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now