Chapter 80

4.2K 580 13
                                    

Unicode

ကိုကိုနဲ့ ကစားမယ်

ကံကောင်းပေလို့ နောက်တစ်နေ့ လင်းမြောင် နိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းဖြစ် နေလေသည်။သူမ အကုန်လုံးကောင်းသွားချေပြီ။

ဖျားမနေဘူးဆိုမှတော့ လင်းမြောင် သူမရဲ့မနက်ပိုင်းလေ့ကျင့်ခန်းကို ပြန်စချင်သည်။ အချစ်ရေးကိစ္စကြောင့်နှင့်တော့ သူမရဲ့ထရိန်နင်ကို အထိအခိုက်ခံလိမ့်မည်မဟုတ်။

မဟုတ်ပါက သူမသေချာပေါက် အဆူခံရနိုင်သည်။

လင်းမြောင်က တကယ့်အဖြစ်အပျက်ကို မြင်မျက်သာဓကရှိထားဖူးသည်။

သူမတို့အသင်းက အတွဲတစ်တွဲရဲ့စွမ်းဆောင်ချက်တွေက သူတို့တွဲကြပြီးတဲ့နောက် ကျဆင်းလာခဲ့သည်။ နည်းပြကြီး ရှာဖွေစုံစမ်းတဲ့အခါ ထိုနှစ်ယောက်က တွဲနေကြကြောင်း ရှာတွေ့ခဲ့ရသည်။ ကောင်လေးက အချိန်တော်ကြာ ဆူဆဲမောင်းမဲခံရပြီး အပြစ်ဒဏ်တောင် ပေးခံခဲ့ရလေသည်။

လင်းမြောင် ဘယ်တော့မှ ကိုကို့ကို ဆွဲချလိမ့်မည်မဟုတ်။

ထို့ကြောင့် သူမ အိပ်ရာပေါ်က ခုန်ဆင်းပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။

အသားကုန်မောင်းတင်လျက် သူမ လှေကားကနေ ဆင်းချသွားတော့ ယုကျင်းရွှမ်က ဆောင်းရာသီနံနက်ခင်းလေအေးထဲမှာ ရပ်နေတာကို မြင်လိုက်ရလေသည်။

လင်းမြောင်က ထိုနေရာတွင် သူ့ကိုမြင်လိုက်ရသဖြင့် အံ့ဩသွား၏။ သူ့ဆီသို့ ပြေးသွားလိုက်ပြီး “ကိုကို ဘာလို့ ဒီကို ရောက်နေတာလဲ”

“မင်းနဲ့အတူလေ့ကျင့်ခန်းလုပ်မလို့” ယုကျင်းရွှမ်က ဆိုလာသည်။

သူမ အနားက လေတွေဟာ လုံးဝမအေးတော့သည့်အလား။ ယုကျင်းရွှမ်ရဲ့ လက်ကို ကိုင်ထားလျက် ပန်းခြံဆီသို့ ဦးတည်ခဲ့လိုက်သည်။ လမ်းတွင် လင်းမြောင်က သူမတို့အသင်းက အတွဲတစ်တွဲရဲ့ ဇာတ်လမ်းကို သူ့အားပြောပြနေလေသည်။

“ကိုကို မစိုးရိမ်နဲ့နော် ငါကြိုးကြိုးစားစားလုပ်မှာ အဲ့ဒါမှ ငါတို့ဆက်ဆံရေးက ခိုင်မြဲအောင်လို့”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now