(Unicode)Chapter 22 :အံ့ဖွယ် တဟောင်

4.9K 732 31
                                    

Unicode

မိုးကမစဲသေး။တောင်တစ်ခုလုံး အစိမ်းရောင်ဖားကလေးများ အော်သံတို့ဖြင့် သာဖုံးလွှမ်းလျက်ရှိပြီး ထူးဆန်းထွေလာ ကမ္ဘာအလား လှပလို့နေ၏။သို့ပေမယ့်  သဘာဝတရားအလှကိုခံစား တာက လင်းမြောင်နောက်ဆုံးတွင်မှ စိတ်ဝင်စားတဲ့ အရာပင်။အဆက်မပြတ်ရွာသွန်းဖြိုးနေတဲ့ မိုးကြောင့် ကိုကို  ဖျားသွားမှာကိုသာ သူမ ပူပန်လို့နေသည်။

လမ်းအတော်လေး လျှောက်ခဲ့တာတောင်မှာ သခင်လေး သူ့ကိုယ်သူနေလို့ကောင်းစဲလို့သာ ခံစားနေမိသည်။တကယ်တမ်းပြောရရင် သူအိမ်မှာတုန်းကသာ နေလို့မကောင်းသလို ခံစားရတာဖြစ်သည်။ မကြာခဏသူ့ခေါင်းတွေ လေးလံတာမျိုး ခန္ဓာကိုယ်က အကြိမ်တိုင်းလိုလို နာကျင်တာမျိုး ခံစားရတတ်၏။

ပထမဆုံးနေ့ကတော့ သူကြိုးတုပ်ခံထားရတာကအပ အရမ်းကြီးဆိုးဆိုးဝါးဝါးမဟုတ်ဘူးဆိုတာ သတိပြုမိလာသည်။ပတ်ပြေးတာတွေ၊ မသန့်တဲ့ရေသောက်မိတာတွေ၊ နေရာင်အောက်မှာ ပြေးလွှားတာတွေ ၊အေးစက်စက် အစာတွေ နဲ့ အစိမ်းလိုက်စားတာတွေ အကုန်လုံးလုပ်ပြီးတာတောင် သူ့ကျန်းမာရေးက  ကောင်းလို့နေစဲ…

သူ့ကိုယ်က သူထင်ထားသလောက် အားမနည်းနေတာများလား…

သူ အလင်းရသွားသလို ခံစားလိုက်ရ၏။

လူကြီးတွေက သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး ပြောပြခဲလှသည်။သူ့အထင်က ရောဂါအရမ်းပြင်းထန်တာကြောင့်  လူကြီးတွေက သူ့ကိုမပြောပြတာလို့ပင်။

ခွေးနဲ့စကားပြောနေတဲ့  လင်းမြောင်ကို  သခင်လေးလှမ်းကြည့်နေမိရင်း သူ့ထင်မြင်ချက်ကို မယုံနိုင်ဖြစ်နေတုန်းပင်။

“ဆွေ့ဆွေ့ လူကြီးတွေက ငါ့မှာဘာရောဂါရှိတယ်ဆိုပြီး ပြောဖူးလား”

လင်းမြောင် ခေါင်းခါလိုက်ကာ “သူတို့ ငါ့ကိုတစ်ခါမှ မပြောဖူးဘူး ဒါပေမယ့်မကြောင်ပါနဲ့ ငါကိုကို့ ကိုကာကွယ်ပေးမှာ”

သခင်လေးက  ကြောက်နေတာမဟုတ် သူမှာ အခု ကံကြမ္မာအလှည့်အပြောင်းတစ်ခု ရှိနေရုံသာ။အစကတော့ သူ့ခန္ဓာကိုယ်အားနည်းမှုကြောင့် ပြန်ပေးဆွဲခံရတာက သူ့အတွက် အဆုံးသတ်ကိုဖြစ်လာစေလိမ့်မယ်လို့ တွေးခဲ့လေသည်။ဆွေ့ဆွေ့နဲ့အတူ အသက်ရှင်လျက် ရအောင်ပြန်မယ်ဟုသာ သန္နိဌာန်ချထားမိ၏။သို့ပမယ့်  ရှုပ်ရှုပ်ထွေးထွေးကိစ္စတွေ ဖြစ်သွားရချိန်မှာတော့ သူအတွေးတွေကို  မေ့ပျောက်သွားခဲ့ရလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now