Chapter 69

4K 577 15
                                    

Unicode

ပြိုင်ပွဲပြီးနောက်ဆက်တွဲ

လင်းမြောင်က ပြည်ပ မှာသာရှိသေးသည်။ သို့ဖြစ်၍ မနက်ခင်း လေ့ကျင့်ခန်းလုပ်ဖို့နေရာက အနားမှ အားကစားရုံတွင် ဖြစ်လာရသည်။

သူမရဲ့ နေ့စဉ်ယန္တရားက မနက် ၅နာရီမှ စတင်သည်။

ခါတိုင်းလိုပဲ နည်းပြကြီးက လေ့ကျင်းခန်းလုပ်တာကို ဝင်မစွက်ဖက်။

သူမ ပြန်လာပြီးနောက် ရေမိုးချိုးကာ မနက်စာစားသည်။ သူမရဲ့မနက်စာက ထပ်ပြီးတော့ စိတ်ကြိုက်စားခွင့်ရှိသွားပြန်လေပြီ။

အိုလံပစ်မှာ ရွေးချယ်စရာမနက်စာတွေက ပို၍တောင် များပြားလာသည်။ မတိုင်ခင်က လင်းမြောင်ဟာ စားဖူးတဲ့အစားအသောက်တွေကိုပဲရွေးလေ့ရှိပေမယ့် အခုတော့ သူမရဲ့ပြိုင်ပွဲပြီးလို့သွားသဖြင့် သူမကြိုက်ရာ ရွေးထည့်လေတော့သည်။

သူမဖုန်းကိုထားခဲ့တာမလို့ ကိုကို ဘယ်လိုရှိနေမလဲ သူမနိုင်သွားတာကို မြင်ပြီးပြီလားဆိုတာကို လင်းမြောင်မသိပါချေ။

တိုက်ခန်းမှာကျန်ခဲ့တဲ့ မိဘတွေနဲ့ မောင်လေးကတော့ သူမနိုင်သွားပြီဆိုတာကို သေချာပေါက် မြင်ပြီးလောက်ပြီ။ လင်းမြောင်က အိုလံပစ်ပြိုင်မယ်ဆိုတာ သူတို့ ကြားစက သူမရဲ့အမေက လာချင်ခဲ့သည်။ ဒါပေမယ့် မိဘတွေအလုပ်ရှုပ်ကြတာရယ်၊ ပြိုင်ပွဲက ရက်အတော်ကြာမှာရယ်၊ နိုင်ငံရပ်ခြားဖြစ်တာရယ်ကတစ်ကြောင်း တွေးတောပြီးနောက် လင်းမြောင် သဘောမတူခဲ့ချေ။ အလွန်ပင် အဆင်မပြေဖြစ်ရပေလိမ့်မည်။

ဘာလိုပဲဖြစ်ဖြစ် အိမ်ကနေလည်း တီဗွီက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လို့ရနေတာပဲ။

အခု ပြိုင်ပွဲအဆုံးသတ်သွားပြီဖြစ်ပြီး လင်းမြောင် ကိုကို့ကို စလွမ်းလို့လာသည်။

နောက်တစ်ခါကျရင် ဖုန်းကို နည်းပြကြီးဆီ အပ်ထားပြီးတော့ ပြိုင်ပွဲပြီးမှ ပြန်ပေးဖို့ အကူအညီ တောင်းသင့်သည်ဟု သူမ ကောက်ကာငင်ကာ တွေးမိသွားသည်။

အဲ့ချိန်ဆိုရင် ပြိုင်ပွဲကြောင့် စိတ်ဖိစီးမှုတွေ သူမတွင်မရှိတော့သဖြင့် ဖုန်းမပျောက်နိုင်တော့ဘူး။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now