(Unicode)Chapter 11: အခန်းကိုဖွလိုက် (ဂူတောင်နိဝူးလီ)

5.4K 755 22
                                    

Unicode

လင်းမြောင်အိပ်ရာအစွန်းမှာ ထိုင်နေလေသည်။သခင်လေးဟာ ဖုန်းဆက်နေတုန်း သူမကို သက်သက်သာသာ စောင့်ခိုင်းထား၏။

လင်းမြောင် ဖိနပ်တွေကို ချွတ်လိုက်ပြီး သူ့ဘေးနားကို လေးဘက်ထောက်သွားလိုက်သည်။

သခင်လေးမှာ ခေါင်းအုံးတွေအများကြီးရှိ၏။ပီ…ဆိုတဲ့အသံကို နှစ်ယောက်သား ခေါင်းအုံးပေါ်မှီလျက် မျှော်လင့်တကြီး စိတ်လှုပ်ရှားစွာစောင့်နေကြလေသည်။

ရုတ်တရက် တစ်ဖက်မှစကားသံထွက်ပေါ်လာချေသည်။
“ဟဲလို ဘယ့်သူ့ကိုဆက်နေတာပါလဲ”

လင်းမြောင်မျက်နှာလေး လက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလာတော့၏။
“မမဒါ့မိန် ဆွေ့ဆွေ့ပါ”

ဒါ့မိန်ဟာ ရွာသူကြီး၏အငယ်ဆုံးသမီးဖြစ်လေသည်။လင်းမြောင်ထက် နှစ်နှစ်ပဲကြီးပေမယ့် သူ့မအပေါ် တကယ်ကောင်းသည်ပင်။

“ဆွေ့ဆွေ့ ရှောင်မိန်ပြောတာကြားတတယ် နင်အလုပ်သွားလုပ်တယ်ဆို ၊ ရွာပြင်မှာအလုပ်လုပ်တာ ပျော်ဖို့ကောင်းလားဟင်” ဒါ့မိန်ကမေးလာလေသည်။

“အင်းပျော်ဖို့ကောင်းတယ်”
လင်းမြောင်သူမ ခေါင်းတစ်ခုလုံး သူမအမေအကြောင်းတွေနဲ့ပြည့်နေတာမို့ ဒီအကြောင်းဆက်မပြောတော့ပဲ မေးလိုက်၏။
“အမေအိမ်မှာရှိလား”

“အန်တီလင်းက မြို့ကိုသွားတယ်၊ နင်ထွက်သွားတဲ့နေ့ပဲ သူထွက်သွားတာ ၊ဘယ်တော့ပြန်လာမလဲ ဆိုတာတော့ပြောမသွားဘူး”

လင်းမြောင်မျက်နှာလေး ချက်ချင်းညှိုးလို့သွားသည်။
“အော်…ဟုတ်၊ ရှောင်မိန်ကို စာကြိုးစားလို့ပြောပေးနော်၊ နှစ်သစ်ကူးပြန်လာရင် ချိုချဉ်တွေဝယ်လာခဲ့မယ်လို့”

လင်းမြောင်ဖုန်းချလိုက်သည်။ သူမရဲ့အပြုံးက သူမရဲ့ငိုနေတဲ့ ပုံထက်တောင်ကြည့်ရဆိုးနေသေးသည်။
“မေမေက မြို့ကိုသွားတယ်တဲ့ ၊ဘယ်ချိန်ပြန်လာမယ်ဆိုတာ မပြောခဲ့ဘူးတဲ့”
“မောင်လေးကလည်း ဖျားနေတာဆိုတော့ သေချာပေါက် ဖေဖေနဲ့ မြို့ကိုသွားရမှာပေါ့”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now