Chapter 100

4.7K 512 6
                                    

Unicode

ပေါက်စီ လုပ်ကြမယ်

ယုကျင်းရွှမ်ရဲ့အမေမှာ …သူမရဲ့သားက လုံးဝတခြားသူဖြစ်သွားတယ်လို့ ခံစားနေရသည်။

သူက ငယ်ငယ်ကတည်းက အလွန်တသီးတသန့်နေတတ်သည်။ သူမတို့ဂရုမစိုက်နိုင်မှုရဲ့ ရလဒ်အဖြစ် သားလေးက ရယ်လည်းမရယ် ပြုံးလည်းပြုံးလေ့မရှိခဲ့။

နောက်ပိုင်း သားအတွက် အချိန်ပိုပေးနိုင်ရန် သူမ အလုပ်ပြောင်းခဲ့တယ်ဆိုသော်လည်း သူကပြောင်းလဲမသွားဘဲ အမြဲတသီးတသန့်နေကာ အိန္ဒြေကြီးစဲဖြစ်ပြီး ကလေးတစ်ယောက် ပုံစံလုံးဝမဟုတ်ခဲ့။

တခြားသူများရဲ့သားတွေက အပြင်ထွက်ကစားဖို့ တညည်းတညူလုပ်နေစဉ်မှာ သူမရဲ့သားကတော့ စာဖတ်တာ မဟုတ်လျှင် လင်းမြောင်ရဲ့ပြိုင်ပွဲတွေကြည့်တာသာ လုပ်နေတတ်ခဲ့သည်။

တခြားသူများရဲ့သားတွေက မိဘကွယ်ရာမှာ အရွယ်မတိုင်ခင်ရည်းစားထား၊ crush တွေကိုချစ်ရေးဆို ၊ အပေါင်းအဖော်ညီအစ်ကိုများဖြင့် ကောင်မလေးတွေကို နောက်ပိုးထနေချိန်မှာ သူမရဲ့သားကတော့ တက္ကသိုလ်စာတမ်းတွေရေး မဟုတ်လည်း လင်းမြောင်ရဲ့ပြိုင်ပွဲတွေကိုသာ ကြည့်နေခဲ့၏။

သူမ အမြဲတမ်းခံစားခဲ့ရတာက သူလျှောက်လှမ်းသမျှခြေလှမ်းတိုင်းက အမြဲတမ်း အလွန်သမာသမတ်ကျပြီး ဆယ်ကျော်သက်တစ်ယောက်နှင့် လုံးလုံးမတူပါချေ။

အခုတော့ အရာအားလုံးက ပြောင်းလဲလာခဲ့ပြီ။ မနက်တိုင်း နေ့မထွက်ခင် သူအိပ်ရာထပြီး စာကြည့်တိုက်မှာ သူ့ကောင်မလေးနဲ့တွေဖို့ အိမ်ကနေ ကပျာကယာထွက်သွားတတ်ကာ ပြန်လာလျှင်တော့ ခွေးတွေနဲ့ လမ်းလျှောက်လိမ့်မည်။ သူပိုပြီးတော့လည်း ပြုံးတတ်လာသည်။ သူ့ရဲ့ဆယ်ကျော်သက်နှစ်တွေက အရောက်နောက်ကျနေပုံပါပဲ။ သူမ သူ့ကိုစနောက်တဲ့အခါ သူမကို စိတ်ကျန်းမာရေးမကောင်းဘူးလားဆိုသည့် အကြည့်မျိုးဖြင့်လည်း ကြည့်မလာတတ်တော့ချေ။

အချစ်ဆိုတာ ကြီးမြတ်တဲ့အရာတစ်ခုပဲ။

မေမေယုက လင်းမြောင်နဲ့ တကယ်ပဲ ရှော့ပင်းထွက်ချင်ပေမယ့် သားဖြစ်သူရဲ့ နွေဦးရောက်တော့မယ် အပင်အိုကြီးလို ပြုမှုပုံကိုကြည့်ရင်း သူတို့ရဲဆက်ဆံရေးထဲ ကြားမဝင်ဖို့သာ ဆုံးဖြတ်လိုက်ပါတော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now