(Unicode)Chapter 32 : ကိုကို့ကိုရှာဖွေခြင်း

4.6K 686 9
                                    

Unicode

လင်းမြောင်အမေဟာ ပြန်လည်စဉ်စားတွေးတောပြီးတဲ့နောက် လင်းမြောင်ကို အားကစားအကယ်ဒမီသို့ ပို့ကြည့်ဖို့ဆုံးဖြတ်လိုက်လေတော့သည်။သူမနဲ့ အဆင်မပြေခဲ့ရင် ကျောင်းပြန်ပြောင်းဖို့ စီစဉ်ပေးမည်။

တစ်ခါတစ်လေ အရေးကြီးဆုံးဖြတ်ချက်တွေဟာ စိတ်ကူးပေါက်တဲ့အပေါ်မူတည်လေသည်။

လင်းမြောင်ဟာ ကျောင်းထပ်ပြောင်းရပြန်ပါတော့သည်။ဒီတစ်ခေါက်ကတော့  ကျောင်းအိပ်ကျောင်းစား နေရလေသည်။

လင်းမြောင်အတွက် ကျောင်းအသစ်နဲ့ လိုက်လျောညီထွေနေနိုင်ဖို့ သိပ်မခက်ခဲလှ။သူမရဲ့ အခန်းဖော်ဟာ သူမထက်ငယ်၏။

လင်းမြောင်က ကိုးနှစ်ဖြစ်ပြီးအခန်းဖော် ထျန်ကျင်းကတော့ ခုနှစ်နှစ်သာရှိသေးသည်။ သူမက ချစ်ဖို့ကောင်းပြီး မျက်နှာဝိုင်းလေးနှင့်ဖြစ်ကာ မီးတွေပိတ်တဲ့အချိန်ဆို ငိုတတ်လေသည်။

“ငါလည်းနည်းနည်းကြောက်တယ် ၊ အတူတူအိပ်ကြမလား?” လင်းမြောင် သူမကို မှောင်မှောင်မည်းမည်းထဲမှာ လှမ်းမေးလိုက်သည်။

“အင်း…ငါ…ငါ…အမှောင်အရမ်းကြောက်တယ်…ငါ့အမေက…အိမ်မှာတုန်းက…ငါနဲ့အတူ…အမြဲအိပ်ပေးတယ်…”ထျန်ကျင်းမှာ နှာတရှုံ့ရှုံဖြင့် ဆို့နင့်နေ၏။

လင်းမြောင် တကယ်တော့ အမှောင်မကြောက်ပါဘူး။ တောရွာသူက ဘယ်လိုလုပ် အမှောင်ကြောက်တတ်ရမှာလဲ? သူမ ညအချိန်ကြီး အိမ်ကိုတစ်ယောက်တည်းတောင် လမ်းလျှောက်ပြန်ခဲ့ဖူးသေးသည်။

သို့ပေမယ့်လည်း ထျန်ကျင်းရဲ့အိပ်ရာပေါ်ကို သူမစောင်နှင့်တကွ တက်လာခဲ့လိုက်သည်။ တစ်ယောက်ယောက်နဲ့အိပ်ရတာကောင်းသည်။ စောင်ကိုနှစ်ထပ်ပင်ခြုံလို့ရလေသည်။

လင်းမြောင်ဟာ သူမရဲ့စောင်ကို အပေါ်မှာလွှမ်းလိုက်ပြီး ထျန်ကျင်းဆီသို့ တိုးဝှေ့ပူးကပ်သွားလိုက်သည်။

“အရမ်းနွေးတာပဲ…နင့်စောင်ကာ ငါ့ဟာထက်ပိုနွေးတယ်”

ထျန်ကျင်းငိုနေတာ ရပ်လို့သွားပြီး “ငါ့အမေက ဒီဂွမ်းကပ်ကို ငါ့အတွက်ဝယ်ပေးတာ…ဟင့်…”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now