Chapter 76

3.9K 562 32
                                    

Unicode

နွေးထွေးတဲ့လက်တစ်စုံ

အိပ်ရာပေါ်တွင် ပက်လက်လှဲရင်း လင်းမြောင် မျက်နှာကြက်ကို တွေတွေကြီးငေးကြည့်နေပြီးနောက် ယုကျင်းရွှမ်ဆီမှ မက်ဆေ့ချ်ကို ကြည့်နေလေသည်။

သူမ သိချင်စိတ်ကို မထိန်းနိုင်။ ထို့ကြောင့် စာရိုက်လာသည်။

“ကိုကို လိုင်းပေါ်မှာဖြစ်တာတွေကို မြင်ပြီးသွားပြီလား?”

ရောက်လာတဲ့ ဒီမက်ဆေ့ချ်ကြောင့် ယုကျင်းရွှမ် အနည်းငယ်ထိတ်လန့်သွားရသည်။ လင်းမြောင် အင်တာနက်သုံးပြီး ထိုကွန့်မန့်များကို မြင်သွားလိမ့်မည်ဟု သူမထင်ထားခဲ့။

ထိုပို့စ်က မကောင်းတဲ့ကွန့်မန့်များကို လင်းမြောင် ဖတ်မိသွားမှာ သူစိုးရိမ်နေ၏။

“ကွန့်မန့်တွေကို စိတ်ထဲမထားနဲ့”  ယုကျင်းရွှမ် စာပြန်လာသည်။

လင်းမြောင် “အွန်း… အိုကေ”
ကိုကိုကို့ ထိခိုက်မသွားဘူးပဲ။

ဖုန်းကိုဘေးနားမှာချထားရင်း သူမ မျက်နှာကြက်ကို ထပ်ပြီးကြည့်နေမိပြန်ကာ စဉ်းစားခန်းဖွင့်နေလေသည်။ အင်းလေ ကိုကို့လို လူတော်တစ်ယောက်က တခြားသူတွေရဲ့ စကားနည်းနည်းလောက်နဲ့ ပေါက်ကရအတွေးတွေရှိလာမှာမှမဟုတ်တာ။

“အာ့ဆို မင်းမနက်ဖြန်မနက်ကျရင် လေ့ကျင့်ခန်းလုပ်ဖို့သွားမှာလား” လင်းမြောင်ဖုန်းက အသံထပ်မြည်လာသည်။

ဒီမနက်တုန်းက ယုကျင်းရွှမ် လင်းမြောင်ကိုလာစောင့်နေသေးသည်။ ဒါပေမယ့် သူမ ပေါ်မလာတော့ သူလည်း ပြန်သွားခဲ့ရသည်။

လင်းမြောင်က မနက်ခင်းလေ့ကျင့်ခန်းကို မလုပ်တာ ရှား၏။ အစတုန်းက သူစိတ်ပူသွားပေမယ့် နောက်တော့ သူမနဲ့ စာကြည့်တိုက်မှာတွေ့ကြရသည်။ သူမကြည့်ရတာ အဆင်ပြေနေပုံရတာကြောင့် သူမ ဒီအတိုင်း အအိပ်လွန်သွားတယ်လို့သာ ရိုးရိုးတွေးလိုက်မိချေတော့သည်။

“လုပ်လို့မရဘူး”

လင်းမြောင် ဘာကြောင့်ဆိုတာကိုတော့ မရှင်းပြ။ ဒီလိုကိုယ်ရေးကိုယ်တာကိစ္စတွေကို ရှင်းပြရမှာ ကိုကိုဖြစ်နေတယ်ဆိုလျှင်တောင် အလွန်ရှက်၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now