(Unicode)Chapter 26 : အိမ်ပြန်ပြီ

4.7K 678 15
                                    

Unicode

ဒီနေ့ဟာ နေသာတဲ့နေ့တစ်နေ့ ဖြစ်သော်ငြား နေရာင်ခြည်တွေက ၁၂ ကြိမ်မြောက်လရဲ့ လေအေးတွေကို မောင်းထုတ်မပေးနိုင်ခဲ့။

ဒါဟာ လင်းမြောင် အဆုံးကျမှ ဂရုစိုက်မိတဲ့အရာပါပင်။အိမ်ကိုပြန်ဖို့သာ စိတ်အားထက်သန် နေသဖြင့် ခြေလှမ်းတစ်လှမ်းခြင်းစီတိုင်းဟာ မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားနေလေသည်။ သူမ နှလုံးသားလေးဟာ ပုံမှန်အတိုင်းလမ်းလျှောက်ဖို့ခွင့်မပြုနိုင်သကဲ့သို့။

ဒါဟာ သူမပြန်မလာတော့လောက်ဘူးဆိုတဲ့အကြောင်း အိမ်တော်ကလူတွေကို ပိုပြီးသိသာမြင်သာ သွားစေလေသည်။

လင်းမြောင် ရွာကနေ ထွက်လာခဲ့တဲ့အချိန်တုန်းကပုံစံအတိုင်း ကျောပိုးအိတ်လေးကို  လွယ်ထား၏။

သူမအမေရဲ့ လက်မောင်းတွေထဲ ပစ်ဝင်လိုက်ပြီးနောက် သူမ ပါးစပ်တောင်မစေ့နိုင်တော့။ “မေမေ ၊ သမီးကိုလာခေါ်တာလား”

လင်းမြောင်အမေဟာ ပြန်ပြုံးပြလို့လာသည်။

အိမ်တော်က လူကြီးတွေဟာ အပေါ်ထပ် ဝရံတာက ကောင်လေးအတွက် အပေးအယူလုပ် ညှိနှိုင်းလို့ရအုန်းမလား ကြိုးစားနေပေမယ့် အဖွားဟာ လင်းမြောင်အမေကို  လင်းမြောင်ကို လာခေါ်ဖို့  ဥယျာဉ်ထဲသို့ ခေါ်လာခဲ့လေသည်။

ဒုတိယထပ်က သခင်လေးဟာတော့ သူ့ဘေးက ခွေးလေးတွေကို ပွတ်ပေးနေလေသည်။သူမ အရမ်းပြုံးနေတာပဲ၊ ကစားပွဲပေါင်း သုံးထောင့်လေးဆယ့်လေးကြိမ်မြောက်မှာ နောက်ဆုံး ငါ့ကို နိုင်သွားတဲ့အချိန်တုန်းကထက်ကို ပိုပြီးတော့ ပြုံးနေတာပဲ၊ သခင်လေး တွေးနေမိ၏။

သူတို့ ချိုချဉ်တွေ ဝယ်ကြတုန်းကတောင်သူမဟာ ဒီလောက် မပျော်နေခဲ့။

သခင်လေး မှတ်ဉာဏ်တွေကို ပြန်ခေါ်ကြည့်လိုက်ပြီးနောက်မှာ ဒီအခိုက်အတန့်လေးဟာ သူမြင်ဖူးသမျှထဲတွင် သူမရဲ့အပျော်ရွှင်ဆုံးအချိန်လေး ဖြစ်ကြောင်း သေချာသွားတော့သည်။

သူဟာ သူမတစ်ခါတစ်လေ ပြောပြလေ့ရှိတဲ့ သူမရဲ့အပေါင်းအသင်းတွေလိုမျိုးဟု ခံစားနေရ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now