Chapter 99

4.2K 516 7
                                    

Unicode

အကြာကြီးစောင့်ဆိုင်းခဲ့ရ

စာလုပ်တာအပြင် လင်းမြောင် ထျန်ကျင်းရဲ့ပြိုင်ပွဲကိုလည်း သွားရောက်အားပေးခဲ့ပါသေးသည်။

နောက်ဆုံးတော့ သူမ ပွဲကြည့်ရမယ့်အလှည့်ရောက်လို့လာခဲ့ပြီ။

ယုကျင်းရွှမ်က ဒီနယ်ပယ်မှာ ပိုပြီးတော့ အတွေ့အကြုံများ၏။ ထို့ကြောင့် လင်းမြောင်က ထျန်ကျင်းရဲ့ပြိုင်ပွဲကို သွားကြည့်မယ်လို့ပြောလာတဲ့အခါ သူက လေယာဉ်လက်မှတ်ကြိုဖြတ်ထားပြီး အကုန်လုံးကို ကြိုတင်စီစဉ်ထားခဲ့ပေးလေသည်။

ထို့ကြောင့် ဒီတစ်ကြိမ်မှာတော့ ယုကျင်းရွှမ်တစ်ယောက်တည်း ပွဲမကြည့်ရတော့။ သို့အပြင် နေရာတစ်ခုထဲမှာရှိနေလျက်နှင့် ချစ်ရသူနဲ့ အကြည့်ချင်းဆုံခွင့်မရတာမျိုးတောင် ဖြစ်လာစရာ အကြောင်းမရှိတော့ပေ။

လေယာဉ်စပျံတာနဲ့ လင်းမြောင်က ချက်ချင်းအိပ်ပျော်သွားသည်။ ယုကျင်းရွှမ်က စာအုပ်တစ်အုပ်ယူကာ စာဖတ်နေလိုက်၏။

မြတ်နိုးရပါသောသူရဲ့အချစ်လေးကို ကြည့်ဖို့အတွက်နှင့် အမြန်ရပ်နားလိုက်ရသည်။

လွန်ခဲ့တဲ့တစ်နှစ်က သူ့ဘာသာ လေယာဉ်စီးခဲ့ရသည်။ အဲ့ချိန်တုန်းက သူဘာတွေးနေခဲ့သလဲဆိုတာ မမှတ်မိနိုင်တော့။ ဒါပေမယ့် အခုချိန်မှာ သူအရမ်းကျေနပ်အားရနေတယ်ဆိုတာကိုသာ သိသည်။

လင်းမြောင်က သူ့ဘေးတွင်ရှိသည်။ ကမ္ဘာတစ်ခုလုံးရှေ့မှောက်မှာ စတားတစ်ယောက် ဖြစ်လာခဲ့ပြီး ချီးကျူးထောပနာပြုခြင်းခံရကာ ကမ္ဘာကြီးရဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေကို မြင်တွေ့ခဲ့ရပြီးနောက် သူမ သူ့ဆီကို အရင်လူစားမျိုးအတိုင်းပဲ ပြန်လာခဲ့သည်။

(ပြောချင်တာက လင်းမြောင်က နာမည်ကြီးသွားလည်း စိတ်ထားမပြောင်းလဲ မောက်မာသွားတာမျိုး မရှိပဲ အရင်ဆွေ့ဆွေ့အတိုင်း ပြန်ရောက်လာတယ်လို့ပေါ့)

သူ့နှလုံးသားက အရည်ပျော်ကျလာသည့်နှယ်။ ယုကျင်းရွှမ် စာအုပ်ကိုချကာ သူ့ဘေးမှာထိုင်နေသော လူသားလေးရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး သူ့ကိုမှီကာ အိပ်စေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now