Chapter 72

3.9K 543 4
                                    

Unicode

ကိုကို့ကို လွမ်းတယ်

လင်းမြောင် အဆောင်သို့ အမြန်ပြန်ရောက်လာသည်။ အိပ်ရာပေါ်မှာလှဲလို့နေရင်း ကိုကို့ရဲ့စကားတွေက ခေါင်းထဲမှာ ပဲ့တင်ထပ်လို့နေသည်။

မသိရင် သူက နားထဲကို တိုးတိုးလေးလာပြောနေသလိုပဲ။ သူမရဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့ မျက်နှာလေးကို အုပ်ထားလိုက်ပြီး မနေနိုင်စွာ အိပ်ရာဘေးစားပွဲပေါ်က ဖုန်းကိုလှမ်းယူလိုက်၏။

သူမရဲ့ ဖုန်းwallpaperက ယခုထိတိုင် သခင်လေးပြုံးနေတဲ့ပုံလေးသာ ဖြစ်လို့နေစဲ။ သူမ ပုံကိုစိုက်ကြည့် မိလေတော့ ပိုပြီးတော့တောင် အိပ်မရဖြစ်လာသည်။

လရောင်က ပြူတင်းပေါက်မှ ဖြာကျနေသည်။ သူမအခန်းက အလွန်တိတ်ဆိတ်နေသဖြင့် ထျန်ကျင်းရဲ့ စည်းချက်ချက်မှန်မှန် အသက်ရှုသံကိုပင် ကြားနိုင်နေပြီး သူမကိုယ်တိုင်ရဲ့ ရင်ခုန်သံကိုလည်း ပြန်ကြားရနေလေသည်။

ကိုကိုကပြောတယ် သူမကို ဘယ်တော့မှ စိတ်ရှုပ်စရာလို့ သူ မမြင်ဘူးတဲ့။

သူ့ရဲ့call historyကို သူမအားပြလာသည်ကို သတိရလိုက်မိသည်။ သူက သူမကို အမြဲမပြတ် ဖုန်းခေါ်ချင်နေခဲ့တာ။

ည့ဉ်နက်နေပြီကို သူအိမ်ပြန်ရောက်ပါ့အုန်းမလား…

လင်းမြောင် တွေဝေနေပြီးနောက် သခင်လေးထံ မက်ဆေ့ချ်ပို့လိုက်သည်။

“ကိုကို အိမ်ပြန်ရောက်ပြီလား”

ခဏနေတော့ ယုကျင်းရွှမ်က စာပြန်လာသည်။

“မရောက်သေးဘူး ဒါပေမယ့် ရောက်ခါနီးပြီ” ဓာတ်ပုံတစ်ပါ အတူတွဲလျက်ပါလာသည်။

ထိုဓာတ်ပုံက ညအချိန် မြို့ပြရဲ့ပုံဖြစ်သည်။ ထောင်သောင်းမကသော အလင်းရောင်ခြည်တွေက အင်မတန် မျက်စိပသာဒဖြစ်လှသည်။

လင်းမြောင် အမြန် saveထားလိုက်၏။

“အရမ်းလှတာပဲ”

“ဆွေ့ဆွေ့ အိပ်ချိန်တန်ပြီ။ မနက်ဖြန်မနက်စောစော ထရအုန်းမယ်လေ၊ လိမ္မာတဲ့ကောင်မလေးရဲ့”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now