(Unicode) Chapter 56:သူမကို သူတစ်ယောက်တည်းပျိုးထောင်ပေးနိုင်တယ်

3.9K 617 23
                                    

Unicode

ပြိုင်ပွဲပြီးသွားချိန် လင်းမြောင်ရဲ့နည်းပြကြီးက သူမကို ကူညီဖို့ လက်လှမ်းလာပေမယ့် လင်းမြောင်က  သူမတစ်ယောက်ကတော့ သူမရဲ့အိတ်ထံသို့သာ ဦးတည်သွားလေသည်။ မျက်နှာသုတ်တဘက် ကိုင်ကာ လှည့်လိုက်တော့ နည်းပြကြီးရဲ့မျက်နှာပေါ်က ပူပန်နေတဲ့အကြည့်တွေကို မြင်လိုက်ရလေသည်။

“ရှန်?”

“သမီးရဲ့လက်!” နည်းပြကြီးက ဆိုလာသည်။

“အဆင်ပြေပါတယ်” သူမ ပြန်ဖြေလိုက်၏။ ထို့နောက် လင်းမြောင် မျက်လုံးလေးကလယ်ကလယ် လုပ်လျက် နောက်ဆုံးတော့ ပထမဆုံးအနေဖြင့် နာကျင်မှုကို ခံစားလိုက်ရ၏။

ကံကောင်းသဖြင့် ဆေးအဖွဲ့က အနားတွင်စောင့်နေလေသည်။ သူတို့ဟာ အမြန်ရောက်လာပြီး လင်းမြောင်ရဲ့လက်ကို စစ်ဆေးကာ သူမရဲ့အနာကိုလျှင်မြန်စွာ သန့်ရှင်းရေးလုပ်ပေးကြသည်။

ကစားနေစဉ်တုန်းက သူမရဲ့ဘယ်လက်က ဘာကိုမှမခံစားရဘူး။ ဖြစ်နိုင်တာက ပြိုင်ပွဲကိုပဲ အရမ်းစိတ်နှစ်ထားမိလို့ ထင်သည်။

အခုတော့ ဆေးအဖွဲ့ဒဏ်ရာကို သန့်ရှင်းပေးနေကြသည့်အခါမှ သူမရဲ့လက်ဖဝါးမှ စပ်ဖျဉ်းဖျဉ်း နာကျင်လာတော့၏။

အရိုးကိုမထိသွားဘူးလို့ လင်းမြောင်ပြောလိုက်တာက မမှားချေဘူး။ လက်ဖဝါးဖြင့်ကျသွားတာကြောင့် အရိုးကို ကာလိုက်နိုင်သည်။ သူမလက်ဖနောင့်က အရေပြားက တစစီကွဲထွက်နေလေသည်။ သွေးတွေက ခဲသွားပြီဖြစ်တာကြောင့် ဆေးမထည့်ခင် သန့်ရှင်းပစ်ဖို့လိုလေသည်။

မချိမဆံ့ နာကျင်မှုခံစားနေရသောကြောင့် လင်းမြောင် မျက်နှာရှုံ့တွနေ၏။

သူနာပြုလေးက အလွန်သနားသွားပြီး သူမကိုချော့ရင်း တတ်နိုင်သမျှ ညင်ညင်သာသာလေး သန့်ရှင်းပေးနေလေသည်။

တစ်ကမ္ဘာလောက်ကြာလိုက်လေသလား ထင်မှတ်ခဲ့ရပြီးနာက်တွင် သူနာပြုလေးက သန့်ရှင်း၍ ပြီးသွားသည်။ နောက်ဆုံးတော့ လင်းမြောင်သက်သာရာရပြီး သက်ပြင်းချလိုက်တော့သည်။

သူနာပြုအပြင် သူမနားတွင် သတင်းထောက်တွေအများကြီး ဝန်းရံလို့နေသည်။ သူတို့အားလုံးက သူမကိုကြည့်နေကြတာကြောင့် လင်းမြောင် အတော်လေးရှက်နေမိသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now