Chapter 71

3.9K 589 18
                                    

Unicode

ချစ်သူကောင်မလေးမရှိဘူး

ကိုကိုက သူမကို မုန်းမနေဘူးဆိုတာ သေချာသွားပြီးနောက် သူမကိုယ်သူမ စိတ်လျော့လိုက်တော့သည်။

သူမ ထိုမက်ဆေ့ချ်ကို ပြန်ဖတ်နေစဉ် ထျန်ကျင်း အခန်းထဲသို့ ဝင်လာသည်။

“ကိုကြီးဆွေ့ ငါအခုလေးတင်ပဲ ရေချိုးပြီးတာ ဆပ်ပြာနံ့လေးက တကယ်ကောင်းတယ်” သူမက ပြောပြောဆိုဆိုဖြင့် လင်းမြောင် အိပ်ရာပေါ်ခုန်တက်လာသည်။

လင်းမြောင်က လှည့်လာပြီး သူမဖုန်းပြောနေကြောင်း လက်ဟန်ခြေဟန်ပြလာသည်။

ထျန်ကျင်း “…” မှတ်ဉာဏ်တွေဖျက်ပစ် အမြန်ဆုံးမေ့သွားစမ်း

လင်းမြောင် အိပ်ရာပေါ်ကနေဆင်းလိုက်ပြီး “ညီမလေးကျင်း ငါဝရံတာထွက်ပြီး ဖုန်းပြောလိုက် အုန်းမယ်”

သူမ အပြင်သို့ ခပ်သွက်သွက်ထွက်သွားပြီး ဖုန်းထပ်ပြောနေပြန်လေသည်။

ထျန်ကျင်း “…” ကိုကြီးဆွေ့က အခုတော့ လျှို့ဝှက်ချက်လေးတွေ ထားနေပြီပေါ့။ သူက အရွယ်ရောက်သွားပြီပဲ…ဝမ်းနည်းလိုက်တာ… ငါ့ရဲ့ ဒီပရက်ရှင်တွေအကုန်လုံးကို လိုင်းပေါ်မှာပဲ သွားပုံချပစ်တော့မယ်

ငါ့ကိုကြီးဆွေ့နိုင်သွားပြန်ပြီ : “ဝမ်းနည်းစရာကြီး အခု ငါ့ကိုကြီးမှာ လျှို့ဝှက်ချက်တွေရှိနေပြီ။ ဝရံတာပေါ်မှာ တစ်ယောက်ယောက်နဲ့ ဖုန်းသွားပြောနေတယ်”

ထိုအချိန်တွင် လင်းမြောင်က သခင်လေး ပြောတာကိုနားထောင်နေတုန်းဖြစ်ပြီး ညီမလေးကျင်းရဲ့ ကလေးအတွေးတို့ကို သတိမပြုမိပါချေ။

လင်းမြောင်က ရင်ထဲမှာကြာကြာသိမ်းမထားနိုင်တဲ့လူစားမျိုးဖြစ်လို့သာတော်ရော့သည်။ မဟုတ်ရင် ဒီလို စိတ်ပျက်စရာ အခြေအနေမျိုးမှာ ယုကျင်းရွှမ် သူမကို ဘာမှမေးလို့ ရနိုင်မယ်မထင်။

ယုကျင်းရွှမ်က ပိုပြီးတော့ ဂဂနနသိရဖို့ တမင် စကားလမ်းကြောင်းပေးနေလေသည်။ ခဏနေတော့ သူမဆီကို မက်ဆေ့ချ်တစ်စောင် ရောက်လာခဲ့တယ်ဆိုတာကို သိရှိလိုက်ရတော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now