(Unicode)Chapter 43 : ချစ်သူကောင်မလေး

4.6K 614 34
                                    

Unicode

သခင်လေးသည်လည်း သူ့ရဲ့ရမှတ်ကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။သူက ကျောင်းတွင် စိန်ခေါ်မှုတွေပိုမိုရရှိချင်ခဲ့ရုံမျှသာပင်။

ဒါပေမယ့် သူစိတ်ငြိမ်သွားတဲ့အခါမှာတော့ ဒါဟာသာမာန်ပဲလို့ စတင်ခံစားလာရပါတော့သည်။ တစ်ယောက်မဟုတ် တစ်ယောက်က်တော့ ထိပ်ဆုံးအဆင့်ရမှာပါဘဲ။

ဘာကြောင့် သူဖြစ်လို့မရ နိုင်ရမှာလဲ?။ တခြားသူတွေထက် သူက အသက်နည်းနည်း ငယ်ရုံမျှသာဖြစ်သည်။ ဒီအတွေးကသူ့ကို အံ့အားသင့်နေမှုကနေ ဆွဲထုတ်ပေးသွားခဲ့သည်။

ထိုစဉ် လင်းမြောင်ကတော့ ဆက်လက်အောင်ပွဲခံနေစဲ။

အင်တာနက်အသုံးပြုသူတွေဟာ သခင်လေးကို ပြည်တွင်းမှာ ရှာမတွေ့နိုင်ခဲ့ကြ။ ဒါပေမယ့် မကြာမီ သူဟာ ပြိုင်ပွဲတွေကြည့်ဖို့ ပြည်ပရောက်နေတယ်ဆိုတာ သိရှိသွားကြလေတော့သည်။

အရင်တုန်း သူပြိုင်ပွဲတွေသွားကြည့်ခဲ့ဖူးတာကို ချိတ်ဆက်ကြည့်လိုက်သည့်အခါ အများစုဟာ သူငယ်ငယ်တုန်းက နာမကျန်းဖြစ်ခဲ့တာကို သတိပြန်ရလာကြလာပြီး ချက်ချင်းသဘောပေါက် သွားကြချေတော့သည်။  သခင်လေးအမေရဲ့ နောက်ဆုံးတင်ထားတဲ့ Weiboပို့စ်နှစ်တကွ သီအိုရီတွေ အများကြီး ထုတ်လာကြတော့၏။

သခင်လေးက သူ့အသက်တူတူပင်ဖြစ်လောက်တဲ့ ဒီကစားသမားအကြောင်းကို ပြိုင်ပွဲကြည့်ပြီးတော့ သူ့အမေကို ပြောခဲ့လိုပင်ဖြစ်ရမည်။

ဒါကပိုပြီးတော့ ယုံကြည်စရာကောင်း၏။ 

ဒါ့ပေါ့ သခင်လေးနဲ့  လင်းမြောင်ကတော့ အွန်လိုင်းပေါ်က ဆွေးနွေးမှုတွေကို တစ်လုံးတစ်ပါဒမျှမသိချေ။

သခင်လေးက စင်းဟွာတက္ကသိုလ်တွင် (Tsing Hua University) သင်္ချာမေဂျာယူဖို့ အမြဲရည်မှန်းထားခဲ့သည်။

လင်းမြောင်ရဲ့သိမ်မွေ့ခန့်ချောသော အစ်ကိုဖြစ်သူဟာ ၁၄နှစ်သာရှိသေးတာကိုသိရတော့ သူမအသင်းဖော်တွေရဲ့နှလုံးသားလေးတွေ အစိတ်စိတ်အမွှာမွှာကွဲကြေသွားရလေတော့သည်။ သူက ၁၄နှစ်ပဲရှိသေးတယ်! ဘယ်လိုလုပ်ပြီးလဲ! ဘယ်လိုလုပ်ပြီးတော့ သူကဒီလောက်ငယ်ရတာလဲ?!

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now