Chapter 93

3.8K 526 10
                                    

Unicode

ဘယ်သူက အရင်စတာလဲ

မည်သူမှ အရွယ်မတိုင်ခင် ရည်းစားထားသည်ကို အားမပေးကြ။ ဒါပေမယ့် ဒီနှစ်ယောက်က တခြားသူများကို သူ့တိုရဲ့အသက်အရွယ်တွေကို မေ့သွားရ​လောက်အောင် လုပ်နေလေသည်။ တစ်ယောက်က အလွန်ပါရမီထူးကဲသော အိုလံပစ်ချန်ပီယံကစားသမားဖြစ်ပြီး တစ်ခြားတစ်ယောက်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စီရင်စုထဲမှာ ထိပ်ဆုံးကအောင်မြင်ခဲ့သူ ကိုယ်ထူးကိုယ်ချွန် ဆယ်ကျော်သက် ဉာဏ်ကြီးရှင်လေးဖြစ်သည်။ သူက  ဘွဲ့လွန် ပင်ဖြစ်နေပြီဖြစ်ကာ နိုင်ငံတစ်ဝန်းမှာ အခက်အခဲဆုံး သုတေသနအသင်းကို ဝင်နိုင်ခဲ့သည်။ ဘယ်သူက ဒီနှစ်ယောက်ကို ကလေးလို ဆက်ဆံကြလို့တုန်း အထူးသဖြင့် ယုကျင်းရွှမ်… သူ့ရဲ့သာမာန်ကာလျှံကာ ဓာတ်ပုံကတောင် လူအများကို ခြေထောက်တွေ ပျော့ခွေသွားအောင် လုပ်နိုင်တယ်။

(T/N-နားမလည်မှာစိုးလို့ ယုကျင်းရွှမ်က အမှတ်ထိပ်ဆုံးရတယ်ဆိုတာက သူ့နယ်မြေမှာပဲ၊ ကိုယ်တွေဆို ရန်ကုန်တိုင်းမှာ အမှတ်အများဆုံး အဲ့လိုမျိုးပဲ သူကလည်း သူ့ပြည်နယ်မှာ  အမှတ်အများဆုံး အဲ့သဘောပဲ)

မှော်ဆန်လှတဲ့အရာကတော့ ဒီနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သက်ဆိုင်မှုမရှိပုံပေါ်ပေမယ့် ငယ်ချစ်ဦးများ ဖြစ်နေကြသည်ပင်။ နှစ်ယောက်စလုံးက ချောလှပြီး အပေါ်ကအချက်တွေ အားလုံးကို ခြုံငုံကြည့်လိုက်ရင် လူအများက သူတို့ရဲ့စစ်မှန်သော ခံစားချက်များကို စိတ်ရောကိုယ်ပါ အချိန်ပေး၍ ထိုအတွဲကို အားပေးထောက်ခံနေကြခြင်းဖြစ်လေသည်။

လူအများမှာ ကိုယ်တိုင်လည်း ရည်းစားမရှိကြ။ ဒါပေမယ့် ဒီနှစ်ယောက် တွဲနေတာကို မြင်ရတာက ကိုယ်တိုင် ချစ်သူကောင်လေးရတာထက်ကိုပင် စိတ်လှုပ်ရှားဖို့ကောင်းသည်။

နှင်းလျှောစီးကွင်းက ခိုးရိုက်ထားသည့်ပုံများက ထိုအတွဲဖန်များကို သွေရူးသွေးတန်းဖြစ်သွားအောင် မွှေနောက်သွား၏။ အပြင်ဘက်လောကအသိုင်းအဝိုင်းမှ လူများပင်လျှင် ထိုနှစ်ယောက်ကို  လိုက်ဖက်သည်ဟု မြင်နေကြသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now