(Unicode)Chapter 40 : ကိုကိုသာလျှင် အကောင်းဆုံး

4.4K 639 18
                                    

Unicode

လင်းမြောင် အင်အား လုံးဝမကျန်တော့။ သို့ပေမယ့် တံခါးအပြင်ဘက်တွင် သခင်လေးကို တွေ့လိုက်ရလေတော့ သူမရဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ ယူပစ်သလိုပျောက်ကင်းသွားရသည်။သူမ ချက်ချင်း သူ့ကိုပွေ့ဖက်လိုက်၏။ အခန်းတွင်းမှာ ထျန်ကျင်း ရှိနေသေးတာကို စဉ်းစားမိတော့ တိုးတိုးလေးပြောလာသည်။ “ကိုကို ရောက်လာတယ်”

ဒီစကားလုံးတွေကြောင့် သခင်လေးရဲ့နှလုံးသားဟာ ဝင်ဆောင့်ခံလိုက်ရသယောင်။ သူမရဲ့ပြိုင်ပွဲတွေ ပြီးတိုင်း သူမဆီလာလည်ဖို့ တိတ်တိတ်လေး သန္နိဌာန်ချထားလိုက်၏။

လင်းမြောင် ရေချိုးဆပ်ပြာအနံ့ဖျော့ဖျော့လေးရလို့နေသည်။ ပင်ပန်းမှုကြောင့် နုံးချည့်နေသလို ခံစားနေရသည်။

သခင်လေး သူမခေါင်းကို ယုယစွာဖြင့် ပုတ်ပေးလိုက်ကာ “ဆွေ့ဆွေ့ ဒီနေ့ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့တာပဲ”

လင်းမြောင်လည်းပဲ ယင်းအတိုင်းသာ ခံစားရသည်။ သူမ‌ ခေါင်းငြိမ့်လျက် မပွင့်တပွင့်ဆိုလာသည်။ “ငါ့မှာ အားတစ်စက်မှ မကျန်တော့ဘူး ကိုကိုရယ်…”

လင်းမြောင် ဒီလိုပြုမူတာက အလွန့်အလွန်ပင်ရှားလှချေသည်။ သူမ ဒီနေ့ သခင်လေးကို ထိုကဲ့သို့ပြော ဖြစ်သည်မှာ တစ်ယောက်နဲ့တစ်ယောက် နှစ်လကျော်မတွေ့ရတာကြောင့်လည်းဖြစ်သလို သူမ အရမ်းပင်ပန်းနေတာကြောင့်လည်း ဖြစ်မည်ထင်၏။

သခင်လေး လှည့်လိုက်ကာ သူမကို ကုန်းပိုးလိုက်လျက် သူ့နှလုံးသားက နူးညံ့ပျော့ပြောင်းနေသည်။ “အပေါ်‌ရောက်မှ ဆက်ပြောကြမယ်”

ဒီရုတ်ချည်းဆန်လှတဲ့ အပြုအမူကြောင့် လင်းမြောင် လန့်သွားရသည်။  “ကိုကို ငါ့ဘာသာငါ လျှောက်နိုင်ပါတယ်”

“ဒါပေမယ့်  ငါမင်းကို သယ်သွားချင်လို့” သခင်လေးပြန်ဖြေလာသည်။

လင်းမြောင် ချိုမြိန်လှသောခံစားချက်လေး ခံစားလိုက်ရ၏။ ကိုကိုရှိရတာ အရမ်းအံ့စရာကောင်းတာပဲ။

သူမငယ်ငယ်တုန်းက ရွာမှာနေထိုင်စဉ်ကာလတွင် တခြားကောင်မလေးတွေရဲ့ အစ်ကိုတွေဟာ သူတို့အတွက် ထင်းတွေကူသယ် ၊ ကူကောက်ပေးလေ့ရှိသည်။ သူမနဲ့ ကျန်တဲ့ကောင်မလေးတွေမှာ အစ်ကိုကြီးရှိတဲ့သူတွေကို အလွန်ပဲမနာလိုဖြစ်ခဲ့ကြ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now