(Unicode) Chapter 27 :ကိုကို ဖုန်းချသွားတယ်

4.9K 673 15
                                    


လင်းမြောင်အတွက် ဘဝကြီးက ကောင်းလှသည်။သူမရဲ့ အတွေးတွေက ရိုးစင်းပြီး ကုန်ကုန်ပြောရရင် တောင်ပေါ်မှာသာ အနေအများခဲ့ပြီး ကျောင်းတွင်တောင် သူငယ်ချင်း အနည်းငယ်သာ ရှိခဲ့၏။ ယုမိသားစုက လူတွေနဲ့လည်း ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေးမျိုး များများစားစားမရှိခဲ့။

ဒါကြောင့် သခင်လေးနဲ့ ခွဲခွာရတာကြောင့်ဖြစ်ပေါ်လာတဲ့ လင်းမြောင်ရဲ့ဝမ်းနည်းမှုတွေဟာ မကြာခင်မှာဘဲ လျော့ပါးသွားရတော့သည်။

လင်းမြောင်အဖေဟာ ညစာမစားခင် အိမ်ကို အမီပြန်ရောက်လာသည်။

လင်းမြောင်အမေဟာ မီးဖိုချောင်ကနေ လှမ်းကြည့်လာပြီး “ဆိုက်ထဲမှာ ဘာဖြစ်တာလဲ”

“အလုပ်သမားတစ်ယောက် သူ့မိန်းမနဲ့ ရန်ဖြစ်လို့၊ တခြားအလုပ်သမားတွေလည်း သူတို့ကို တားမရတော့ တစ်ခုခု မတော်တဆ ဖြစ်မှာဆိုးလို့ ငါ့ကိုလှမ်းခေါ်တာ”
ဘေးမှာ ကလေးနှစ်ယောက်လည်းရှိနေတာကြောင့် အဖေဖြစ်သူဟာ ဘာမှ ထပ်မပြောလိုက်တော့။

ဘာပဲဖြစ်ဖြစ် ၊ သူပြန်ရောက်လာတာပဲ အဲ့တာဆိုရပြီ ၊ လင်းမြောင် အမေတွေးမိ၏။

လင်းမြောင်နဲ့ မောင်လေးဟာ ဟင်းပွဲပန်းကန်တွေကို စားပွဲပေါ်သို့ ကူသယ်ပေးနေကြသည်။

ဒါဟာ လင်းမြောင်အတွက် အထူးညစာပါပင်။ စားပွဲတစ်ခုလုံး သူမကြိုက်တဲ့ အစားအစာတွေနဲ့သာ ပြည့်လို့နေလေသည်။
နောက်ပြီး ညစာစားဖို့ ကျင့်ဝတ်ထုံးထမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့ပေ။

ညတွင် လင်းမြောင်အမေဟာ လင်းမြောင်နဲ့အတူ လာအိပ်လေသည်။

ရွာမှာတုန်းကလည်း သူမအမေဖြစ်သူနဲ့ ရံဖန်ရံခါ အိပ်လေ့ရှိခဲ့သည်။သူမအလုပ်လုပ်တဲ့ အချိန်တုန်းက ကိုယ့်အခန်းမှာသာ တစ်ယောက်တည်းအိပ်ရတာကြောင့် ပထမကတော့ ကျင့်သားရဖို့ ခက်ခဲ ခဲ့လေသည်။

လင်းမြောင်ဟာ အမေဖြစ်သူကို သခင်လေးက အင်္ဂလိပ်စာနဲ့ တရုတ်စာကို ဘယ်လိုသင်ပေးတာဖြစ်ကြောင်း တက်တက်ကြွကြွ ပြန်ပြောပြနေလေသည်။

လင်းမြောင်အမေကတော့ နားထောင်ကြည့်ပြီးနောက် လင်းမြောင်ဟာ သခင်လေးကို တကယ့် အစ်ကိုရင်းလို သဘောထားကြောင်း၊သခင်လေးက လင်းမြောင်အပေါ် စိတ်ရောကိုယ်ပါ ဂရုစိုက်ပေး ကြောင်း သိလိုက်ရသည်။လင်းမြောင်ရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း “နောက်ကျရင် သမီးကိုကို ကိုတွေ့ဖို့ မြို့ကို ခေါ်သွားပေးမယ်”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now