Chapter 106 (ဇာတ်သိမ်း)

9.5K 724 28
                                    

Unicode

လဲ့လဲ့လေး

လဲ့လဲ့လေးက သိပ်ပြီးငိုခဲလှသည်။ သူမရဲ့ အိပ်ရာပေါ်မှာ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတတ်သည်။

လင်းမြောင်နဲ့ ယုကျင်းရွှမ်တို့က ပထမဆုံးအကြိမ်မိဘဖြစ်ကြရတယ်ဆိုစေကာမူ ဒါကအတော်လေး ထူးဆန်းတယ်လို့ သူတို့ခံစားနေစဲဖြစ်၏။

သူမလေးကို ဆေးရုံသို့ခေါ်သွားပြီး ဆေးစစ်ကြည့်ပေမယ့်လို့ ဘာမှမဖြစ်နေပေ။

သူမကို ဘယ်လိုလမ်းလျှောက်ရမယ် စကားပြောရမယ်ဆိုတာကို သူတို့ ဖြေးဖြေးချင်း စသင်ပေး၏။ သူမလေးကတော့ ငြိမ်ငြိမ်လေးသာ ကြည့်နေလိမ့်ပေမည်။

သူမလေး ပထမဆုံးအကြိမ် ငိုသည်က အသက်၂နှစ်ဝန်းကျင် လမ်းလျှောက်တက်ခါစမှာဖြစ်၏။ သူမလေးရဲ့ ဆွဲဆွဲငင်ငင် ငိုကြွေးသံက တစ်အိမ်လုံး ပြည့်နှက်လို့သွားရပါပေါ့။

လင်းမြောင် အခန်းထဲကထွက်လာတော့ ယုကျင်းရွှမ်က သူ့သမီးဖိနပ်က ရွံ့တွေသုတ်ပေးနေတာကို မြင်လိုက်ရသည်။

“လဲ့လဲ့က လိပ်ပြာနောက်ပြေးလိုက်ရင်း ရွံ့အိုင်ထဲနင်းမိသွားလို့” ယုကျင်းရွှမ်က ရှင်းပြလာသည်။

သူမလေးရဲ့မျက်နှာက မဲ့ရွဲ့လျက် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျနေသည်။ လင်းမြောင် ဒူးထောက်ထိုင်လိုက်ကာ သမီးဖြစ်သူရဲ့ မျက်ရည်လေးတွေကို ယုယုယယသုတ်ပေးလိုက်လျက်
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး”

“လဲ့လဲ့က အသန့်ကြိုက်လွန်းတယ်” ယုကျင်းရွှမ်က ​ဆို၏။

“လဲ့လဲ့မဟုတ်…လဲ့လဲ့မဟုတ်ဘူး…” သူမ ဆက်ငိုရင်း ပြောလာသည်။

“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီး လဲ့လဲ့ မဟုတ်ဘူးနော်” ယုကျင်းရွှမ်က သူမနောက်မှ လိုက်ပြောလာသည်။

သူမလေးက အသန့်ကြိုက်လွန်းပုံရမှန်း လင်းမြောင် သဘောပေါက်သွားရသည်။ အစားစစားချိန်မှစ၍ သူမလေးက အမြဲတမ်း သွားရည်ခံဝတ်ထားလေ့ရှိပြီး မဟုတ်လျှင် မစား။ ထိုအချိန်က လင်းမြောင်ထင်လိုက်သည်မှာ သွားရည်ခံကို သူမလေး ကြိုက်နေရုံဟုသာ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now