(Unicode)Chapter 24: မမွေးစားတော့ဘူး

5.1K 691 15
                                    

Unicode

သခင်လေးအမေ ထိုအကြောင်းကိုပြောလာချိန်မှာတော့ လင်းမြောင်ဟာ သူမသိတဲ့ မွေးစားအမေ အကြောင်းပြောနေတာ မဟုတ်ဘူးဆိုတာ နားလည်သွားလေသည်။ ခန်းဝင်ပစ္စည်းဆိုတာ ဘာမှန်း သူမ သိတာပေါ့။

သူမတို့ရွာက ပုံစံတူဖြစ်ရပ်တစ်ခုကို လင်းမြောင်သတိရသွားလေသည်။လင်းမြောင်နဲ့ ထင်းခွေအတူသွားနေကြ ရှောင်လင်းရဲ့အကြောင်းဖြစ်သည်။

ရှောင်လင်းရဲ့ ဦးလေးနှစ်မှာ ကလေးမရှိတာကြောင့် ဘေးရွာကနေ သူမကို မွေးစားလိုက်တာ ဖြစ်လေသည်။ သူမရဲ့မွေးရင်းမိဘတို့ကို 'အဖေ' အမေ'လို့မခေါ်ရချေ။ သူတို့ကို 'ဦးလေးသုံး' 'ဒေါ်လေးသုံး' ဟုသာခေါ်ရလေသည်။ ထို့အစား ဦးလေးနှစ်နဲ့ ဒေါ်လေးနှစ်ကိုကြတော့ 'အဖေ' 'အမေ'လို့ခေါ်ရ၏။ ရှောင်လင်းကိုလည်း ဘေးရွာကိုပြန်ဖို့ ခွင့်မပြုပေ။ လင်းမြောင်တို့ရွာက လူတိုင်းပြောလေ့ရှိကြသည်မှာ ဦးလေးနှစ်နဲ့ဒေါ်လေးနှစ်က ရှောင်လင်းကို ကြင်ကြင်နာနာဆံဆက်တဲ့အပြင် သူမအတွက် ခန်းဝင်ပစ္စည်းလည်း ပြင်ဆင်ပေးကြလိမ့်မည်။ဦးလေးနှစ်နဲ့ ဒေါ်လေးနှစ် အသက်ကြီးလို့ အနားယူရင် ကျေးဇူးဆပ်တဲ့အနေနဲ့ရှောင်လင်းက ပြန်လည်ပြုစုစောင့်ရှာက်ပေးရမည်တဲ့...

သို့သော်ငြား လင်းမြောင်ကို ရှောင်လင်း သက်သက်ပြောဖူးတာ သူမ ဦးလေးနှစ်တို့ မိသားစုကိုမုန်းသည်ဟုပင်။ဘာကြောင့်ဆို သူတို့က သူမကို မကြာခဏရိုက်တတ်တဲ့ မောင်လေးကို မွေးပေးခဲ့တာကြောင့်ဖြစ်လေသည်။ထိုကလေးက လင်းမြောင်ကိုတောင်ရိုက်ဖူးသေးသည်။ ရှောင်လင်းက သူမနဲ့အတူထင်းခွေထွက်ရတဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်လို့ပြောခဲ့၏။ နောက်ပြီး ပြောသေးတာက သူမ ဦးလေးနှစ်နဲ့ ဒေါ်လေးနှစ်ကို ပြုစုပေးဖို့အတွက်ကတော့ အဆင်ပြေပေမယ့် ခန်းဝင်ပစ္စည်းတော့မလိုချင် ပြီးတော့ သူမ အိမ်ပဲပြန်ချင်လေသည်ဟု....

လူကြီးတွေက သူမကိုပြန်ဖို့ခွင့်မပြုဘဲ ထို့အစား မောင်လေးကိုစောင့်ရှောက်ပေးရပြီး သူမအတွက် ခန်းဝင်ပစ္စည်းပြင်ဆင်ပေးရမည်လို့ ကတိခံထားကြလေသည်။ရှောင်လင်းက အမြဲ လင်းမြောင်တို့နဲ့သွားတတ်တဲ့ ကောင်မလေးတစ်ယောက်ကို အမြဲပြောတတ်သည်။သူမ အိမ်ကိုပြန်ချင်တာ အဲ့မှာဆို သူမကို မနှိပ်စက်ကြလို့ဖြစ်ကြောင်း...

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now