Chapter 63

3.9K 561 8
                                    

Unicode

ရုတ်တရက်ကြီး နာမည်ကျော်သွား

နောက်တစ်နေ့တွင် လင်းမြောင် အသင်းမှာ ထိရိန်နင်ပြန်ဆင်းရသည်။ ဒါပေါ့ ဒီအဓိပ္ပာယ်က သူမ ပြိုင်ပွဲပေါင်းများစွာ၌ ပြန်လည်ပါဝင်ရတော့မည်ဟု ဆိုလိုသည်။

ဒါမျိုးကလင်းမြောင်အတွက် အကျင့်ဖြစ်လို့နေပြီ။ သူမအဖို့ ဒါတွေက စိတ်ဝင်စားစရာကောင်းပြီး အဲ့အတွက် သူမခွန်အားအပြည့်ပဲ!

ထျန်ကျင်းက တစ်ဦးချင်းပြိုင်ပွဲများတွင် ကစားပုံကောင်းခဲ့သည်။ ဒါပေမယ့် အသင်းက သူမကို နှစ်ယောက်တွဲပြိုင်ပွဲများအတွက် စတင်ထရိန်နင်ပေးလာသည်။

ထျန်ကျင်းအတွက်တော့ ကန့်ကွက်စရာအကြောင်းမရှိ၊ လင်းမြောင်ကို ပြောပြလာသည်။
“အမျိုးသမီး နှစ်ယောက်တွဲပြိုင်ရမှာ အရမ်းကောင်းတယ်၊ အခုကစပြီး ဘယ်ပြိုင်ပွဲမှာမှ ကိုကြီးဆွေ့နဲ့ ထိပ်တိုက် တွေ့ရတော့မှာ မဟုတ်ဘူး”

ငယ်စဉ်တုန်းက သူတို့ရဲ့စကေးက သိပ်ပြီးအကွာကြီးမဟုတ်။ ဒါပေမယ့် အရွယ်ရောက်လာတာနှင့်အမျှ ကွာဟချက်က အလှမ်းဝေးလာရ၏။ ထျန်ကျင်းက ကမ္ဘာ့ဖလားဆုကို ပိုင်ဆိုင်ချင်စိတ်ရှိသေးပြီး ဒီလိုလုပ်ဖို့ရာဆိုလျှင် ကိုကြီးဆွေ့ကို ရှောင်ရှားတာ အကောင်းဆုံးဖြစ်သည်။

လင်းမြောင်က ကမ္ဘာပေါ်မှာ အနှိမ့်ချတတ်ဆုံးလူသားဆိုသော်ငြား ထျန်ကျင်းကတော့ သူမဟာ တကယ်အနိုင်ယူဖို့မဖြစ်နိုင်သူဟု တွေးခဲ့လေသည်။

လင်းမြောင်က စတော်ကြီးတွေထဲမှဖြစ်ပြီး ပါရမီပါသူဖြစ်သော်ငြား တခြားသူတွေထက် ပိုကြိုးစားသေးသည်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ သူမရဲ့စိတ်နေစိတ်ထားအရမ်းကောင်းတာပင်။

ဒီလိုမျိုးပြောင်းလဲသွားသော်လည်း သူတို့ရဲ့ဆက်ဆံရေးက မပျက်မယွင်းတည်ရှိနေစဲ။

ထိုအချိန်တွင် ကြက်တောင်အသင်းက PSA တွင်ပါဝင်သရုပ်ပြဖို့ ဖိတ်ခေါ်တာကို လက်ခံလိုက်လေသည်။ ထုတ်လုပ်ရေးအဖွဲ့က နှစ်သစ်ကူးဝန်းကျင်လောက် ထုတ်လွှင့်ဖို့ စီစဉ်ထားတာဖြစ်ပြီး  ဒီကောင်မလေး နှစ်ယောက်ကို ဗီဒီယိုထဲမှာ ပါဝင်စေချင်လေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now