(Unicode)Chapter 17: ထက်မြတ်တဲ့သခင်လေး

5K 729 8
                                    

Unicode

မကြာခင်မှာ သခင်လေးရဲ့ မိဘတွေဟာ အခြေအနေတွေကို ကူထိန်းပေးဖို့ရောက်လာလေသည်။

အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်ပြီးတဲ့နောက် လူကြီးတွေက စာကြည့်ခန်းထဲဝင်သွားကာ တစ်ခုခုကို ဆွေးနွေးကြပုံရသည်။

လင်းမြောင်နဲ့ သခင်လေးကတော့ သခင်လေးရဲ့အခန်းကိုပဲ သွားလိုက်ကြသည်။

လင်းမြောင်အတွင်းစိတ်ထဲမှာ တစ်ခုခုတော့ဖြစ်နေကြောင်း အရိပ်အယောင်ပြနေလေ၏။

သို့ပေမယ့် သခင်လေးက အခန်းထဲ ပြန်ရောက်ချင်း အိပ်ရာဘေးက အံဆွဲအသေးလေးကို သွားဖွင့်လေသည်။

သူပုံမှန် သောက်နေကျ ဆေးပုလင်းတစ်ချို့သာ ကျန်နေတော့ကြောင်းတွေ့လိုက်ရ၏။

“ဆွေ့ဆွေ့ မင်းထွက်လာတုန်းက ဒီကဆေးတွေ တွေ့မိသေးလား” သခင်လေးက လင်းမြောင်ကို မေးလေသည်။

လင်းမြောင် ခေါင်းခါလိုက်ကာ “ထွက်လာတုန်းက သတိမထားမိဘူး၊ ငါမသိဘူး”

သူမစိတ်က ကိုကို ရှိတဲ့ဆေးရုံကိုသာ ခိုးထွက်သွားဖို့သာ  ကြီးစိုးနေခဲ့လေသည်။ဆေးရုံမှာ ကဆေးတွေလုံလုံလောက်လောက်ရှိတာမို့ ဆေးတွေယူဖို့ သူမ သတိမရခဲ့။

သခင်လေးက သူရဲ့အဓိကဆေးတွေနဲ့ ရေကျောက်အတွက် ဆေးတွေအကြောင်း‌ ပြောနေတာဖြစ်လေသည်။

သခင်လေးက မျက်မှောင်ကြုတ်မိကာ “အဖွားကို ဒီခေါ်ပေး”

သို့တွင် လူကြီးတွေက စာကြည့်ခန်းထဲမှာဖြစ်ကြောင်း သတိရသွားတော့ လင်းမြောင်ကို အောက်ထပ်ဆင်းဖို့ ကူညီပေးခိုင်းလိုက်၏။

မကောင်းတဲ့အကြံအစည်တွေ သူ့အပေါ်သုံးကာ ဖုံးကွယ်ဖို့ကြိုးစားထားလေသည်။

ပုံမှန်ဆိုရင် သခင်လေးက ရေးကြီးခွင်ကျယ်လုပ်နေတတ်တဲ့ သူမဟုတ်သော်ငြား ဒီတစ်ခုကတော့ သူစည်းကိုကျော်လာခဲ့ပြီ။

စာကြည့်ခန်းအပြင်ဘက်ကနေ အဖွားရဲ့ အသံကိုသူတို့ကြားလိုက်ရလေသည်။

“နင်ဘာမှားနေမှန်း နင်မသိဘူးလား၊ အဲ့မှာ ဘာလို့သတင်းထောက်တွေ အများကြီးရှိနေလဲ ဆိုတာ နင်လဲမသိဘူးလို့ ငါမယုံတယုံ ယုံပေးလိုက်ပါသေးတယ်၊ ဒါပေမယ့် ဘာလို့ တခြား အနုပညာရှင်တွေရဲ့ ကလေးတွေကြတော့ လူသိမခံရတာလဲ”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now