အခန်း(၁)ညအချိန်တွင် ဧကရာဇ်ကို အဖော်ပြုပေးရခြင်း (ပထမပိုင်း)

15.9K 1K 2
                                    

ကျင်းယွမ် ခြောက်နှစ် မြို့တော် လိရန်

ဟေမာန်ဆောင်းရာသီတွင် ညအချိန်ရောက်တာ အနည်းငယ် စောလွန်းလှသည်။ ဒီနှစ်၏ ရာသီဥတုကလည်း အအေးပိုကဲလွန်းပြန်သဖြင့် လမ်းဘေးနှစ်ဖက်နှစ်ချပ်က လက်ဖက်ရည်ဆိုင်တွေက ဆိုင်ရှင်တွေတောင် ဆိုင်ကိုစောစောသိမ်းနေကြသည်။

ရုတ်တရက်ဆိုသလို တောင်ဘက်က ချန်းလဲ့ တံခါးကပွင့်လာပြီး အရပ်မြင့်မြင့် ကြံခိုင်သန်စွမ်းသည့် ကိုယ်ရံတော်တစ်စုက မြင်းနှင်သည့် ကြာပွတ်ကို ဝှေ့ရမ်းလျက် တောင်ဘက်ခြမ်းက ခမ်းနားထည်ဝါစွာတည်ဆောက်ထားသည့် အိမ်တော်သို့ ဦးတည်သွားလိုက်လေသည်။ ဦးဆောင်လာသူကတော့ မိန်းမစိုးတစ်ယောက်ဖြစ်မည့်ပုံပေ။

"ဒါကဘယ်လိုဖြစ်တာလဲ ကြည့်ရတာ အတော်လေး လန့်စရာပဲ"

လက်ဖက်ရည်ဆိုင်ဆိုသည့်နေရာသည် အမြဲတမ်းလိုလို တစ်လောကလုံး၏ အတင်းအဖျင်း သတင်းတွေ စုစည်းတတ်သည့် နေရာဟု ဆိုလို့ရပေမယ့် ဒီဆိုင်ပိုင်ရှင်က မြောက်ပိုင်းကနေပြောင်းလာတဲ့သူဖြစ်
သဖြင့် မြို့တော်နှင့်ပတ်သက်သည့် အရာအားလုံးကို သိပ်နားမလည်သေးပေ။

ဘေးဖက်က မသိမ်းရသေးသည့် စားပွဲတွင် စာပေပညာရှင်တစ်ယောက်ထိုင်နေသည်။ အဝတ်အစားက ဟောင်းနွမ်းနေပြီး မျက်လုံးအကြည့်တွေကလည်း အနည်းငယ် စိတ်မချမ်းမသာဖြစ်လို့နေသည်။

ထိုစာပေပညာရှင်က ဆိုင်ရှင်ရဲ့ စကားကိုကြားတာ့ မျက်နှာပေါ်တွင် စပ်ဆုပ်ရွံရှာသည့် အပြုံးတစ်ခု ပေါ်ထွက်လို့လာသည်။

"ခင်ဗျားမသိဘူးလား အဲ့ဒီတောင်ဘက်ခြမ်းက အိမ်တော်မှာ အဆင့်ငါးအရာရှိတစ်ယောက်နေ‌တယ်လေ။ အဆင့်ငါးဆိုတဲ့ ဒီလောက်ကြီးမားတဲ့ ချီးမြှင့်မြှောက်စားမှုက ဒီလိုမျိုး ဧကရာဇ်ကို ညအိပ်ခစားခြင်းအပေါ် အမှီပြုပြီးရလာတာ မဟုတ်လား"

"‌ဒါက....."

"ပြောရရင် အဲ့ဒီ လူကြီးမင်း ကုရဲ့ ဖခင်က ဘဏ္ဍာရေးဌာနက ဂုဏ်သိက္ခာရှိတဲ့ အမတ်တစ်ယောက်လေ။ အဆင့်အတန်းမြင့်မားတဲ့ ကျုံးစုဟို့အိမ်တော်ထဲမှာ မထင်မှတ်ပဲ ဒီလိုအဆင့်ရှိတဲ့ လူမျိုးထွက်ပေါ်လာတာလေ၊
တကယ့်ကို မျက်နှာပြစရာ နေရာမရှိဘူး"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now