အပိုင်း(၈၉) နောက်ဆုံးတိုက်ပွဲမတိုင်ခင်နေ့

1.8K 297 15
                                    

ကုထင်ရန်၏ ရယ်သံက ကျောက်ဝမ်ယုံး၏ နားထဲ အဆက်မပြတ် တိုးဝင်လာခဲ့သည်။ လေပြေညှင်းလေး ဆော်သွေးသွားသလို၊ သာယာကြည်နူးဖွယ်ရာ နွေဦးချိန်ခါ သမယ၏ ရူမျှော်ခင်းလို ကျောက်ဝမ်ယုံး၏ နှလုံးသားကို ဆွဲဆောင်နေလေသည်။

သူ ရုတ်တရက် ခြေမကိုင်လက်မကိုင်မိဖြစ်သွားပေမယ့် အမှတ်တမဲ့နဲ့ မိမိရဲ့ လက်မောင်းကို တင်းကြပ်လိုက်သည်။

ထို့နောက် သူက ကုထင်ရန်၏ မျက်နှာကို ရုတ်တရက် ကြည့်လိုက်တော့ သူအကြည့်မလွှဲနိုင်သည့် အပြုံးကို မြင်လိုက်ရသည်။ သူက ကိုယ်ကိုငုံ့ကိုင်းကာ ကုထင်ရန်၏ နှုတ်ခမ်းပါးလေးပေါ် လေးနက်စစ်မှန်သော အနမ်းတစ်ပွင့် ခြွေလိုက်သည်။ ချစ်ကြည်နူးစရာကောင်းသည့် အိပ်မက်လေးလိုပင်။

"အွန်း....."

ကုထင်ရန်က အနည်းငယ် ပျာယာခတ်သွားသည်။ သူ အော်လိုက်ပေမယ့် ကျောက်ဝမ်ယုံးက ပါးစပ်ဖြင့် ပိတ်ဆို့လိုက်သဖြင့် ညည်းသံသဲ့သဲ့ကလေးသာ ထွက်ပေါ်လာသည်။

ခဏကြာသွားပြီးနောက် ကုထင်ရန်ကိုယ်‌တိုင်တောင်  အသက်ရူမဝတော့ဘူးဟု ခံစားမိသည့်အချိန်ကျမှသာ ကျောက်ဝမ်ယုံးက ဂရုဏာသက်မိသွားသလိုနဲ့ သူ့ကို လွှတ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှာ ခပ်ညစ်ညစ်အပြုံးချိတ်ဆွဲထားပြီး ကုထင်ရန်၏ ပါးပြင်ကို လက်ခုပ်ထဲထည့်ကာ ဝင့်ကြွားသည့်လေသံနဲ့ ပြောလိုက်သည်။

"ဒီလောက်ဆို လုံလောက်ပြီ"

ကြည့်ရတာ ကျိတ်မှိတ်လက်ခံလိုက်သလိုပါပင်။ ကုထင်ရန်သည် မိုးပေါ်ရောက်မတတ် အမြီးမြှောက်ထားသော သူ့ပုံစံကို မြင်တော့ စိတ်ထဲ အလိုလို ဒေါသထွက်သွားသဖြင့် မိတ်လိုက်ချင်နေသော ဒေါင်းကို တွန်းထုတ်လိုက်တော့သည်။

"တစ်ဆိတ်ရတစ်အိတ်လိုချင်နေတယ်!"

သူက မျက်လုံးအပြူးသားဖြစ်နေသဖြင့် ကြည့်ရတာ အင်မတန် ချစ်စရာကောင်းလှသည်။

ကျောက်ဝမ်ယုံးက သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ရင်ခွင်ထဲမှာ ဒေါသတထောင်းထောင်းထနေသည့် ထိုမျက်နှာလေးကို သူကြည့်ရင်း အူလှိုက်သည်းလှိုက်ရယ်တော့သည်။ သူက ကုထင်ရန်၏ နှာတံ လေးကို သပ်ပြီး ပြုံးလျက်ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now