အပိုင်း(၅၃) ရှောင်းတန်းယွင်၏ အဆုံးသတ် (ဒုတိယပိုင်း)

1.9K 305 4
                                    

ကျောက်ဝမ်ယုံးက မျက်မှောင်ကျုံ့လျက် သူ့ကို ကြည့်နေလေသည်။ ကုထင်ရန်က တစ်ခွန်းမှလည်းမပြောသလို နောက်ဆုတ်ချင်စိတ်လည်း မရှိချေ။

နောက်ဆုံးမှာတော့ ကျောက်ဝမ်ယုံးက မတတ်နိုင်တဲ့အဆုံး သဘောတူလိုက်ရသည်။

"ကိုယ်မင်းကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်"

သူက မျက်မှောင်ကျုံ့ပြီး ခက်ထန်စွာ ပြောလိုက်လေသည်။

ကုထင်ရန်၏ မျက်လုံးက ထိုအနီရောင်တံခါးမကြီးကို မမှိတ်မသုန်စိုက်ကြည့်နေပြီးနောက် အေးတိအေးစက်နဲ့ ပြောလိုက်သည်။

"ကောင်းပြီ"

ထူထဲလေးလံသည့် တံခါးမကြီးက အသံနှင့်အတူ ပွင့်သွားလေသည်။ အခန်းထဲတွင်
ရှောင်းတန်းယွင်က စကားတစ်ခွန်းမှ‌မပြောဘဲ စားပွဲရှေ့မှာ ထိုင်နေပြီး စားပွဲပေါ်က သေသပ်လှပသည့် ပစ္စည်းကို ကြည့်နေလေသည်။

ကုထင်ရန်က သေသေချာချာ တစ်ချက်ကြည့်လိုက်တော့ ကြွေရုပ်စုံတွဲတစ်တွဲဖြစ်နေလေသည်။

သူက  နောက်ပြန်လှည့်၍ အနောက်ဘက်ကတံခါးကို ပိတ်ချလိုက်သည်။ ကျောက်ဝမ်ယုံးက မျက်မှောင်ကျုံ့လျက် လူများနှင့်အတူ တံခါးဝမှာ စောင့်နေပြီး အခန်းထဲက လှုပ်ရှားသံကို သေချာနားထောင်နေလေသည်။

ကုထင်ရန်က သူမ အနားကို တစ်လှမ်းချင်းဆီ လျှောက်သွားပြီးနောက် ခေါင်းမော့၍ ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ အခန်းထဲရှိ  ချမ်းသာကြွယ်ဝသည့် အိမ်တော်လို လှပရွှန်းတင့်သည့် အဆင်အယင်များအားလုံးက သူ့မျက်လုံးထဲ ဝင်ရောက်လာလေသည်။

ရှောင်းတန်းယွင်ကို ဧကရီနေရာမှ ဆွဲချပြီး သူမကို အအေးနန်းဆောင်ထဲ ပစ်ထားတာတောင် ကျောက်ဝမ်ယုံးက ဧကရီတစ်ပါးမှာ ရှိသင့်သည့် အဆောင်အယောင်များကို ပေးထားဆဲဖြစ်သည်။

ကုထင်ရန်က သူ့မကို အကြာကြီး ကြည့်နေ‌ခဲ့ပြီး စကားလည်းမပြောချေ။ သူ့ပုံစံက  သေသေချာချာအကဲခတ်နေသလိုမျိုးဖြစ်သည်။ လူကို ဖောက်ထွင်းချင်သည့် အကြည့်ဖြင့် သူမကို တစ်လျှောက်လုံး စိုက်ကြည့်နေလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now