အပိုင်း(၆၀) သွေးအန်ခြင်း

2.1K 338 26
                                    

သူ့ ရှေ့မှာ ‌ရပ်နေသည့် အန်းကုန်းကုန်းက အကျပ်‌တွေ့နေလေသည်။

ကုထင်ရန်က သူ့ကို ဖိအားပေးဖို့ မလောပေ။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှီးအာလေး၏ မျက်နှာပေါ်က မျက်ရည်စများကို အသာလေး သုတ်ပေးပြီးနောက် ကြင်ကြင်နာနာနဲ့ မေးလိုက်သည်။

"ခုနက ဘာဖြစ်တာလဲ၊ ဖေဖေ့ကို ပြောပြ၊ ဟုတ်ပြီလား"

ကျောက်ရှန့်ရှီး၏ မျက်ဝန်းအစုံက နီရဲနေပေမယ့် စိတ်ထဲမှာတော့ တော်တော်လေး သက်သာရာရသွားသည်။ သို့သော် ဖေဖေ့ မေးခွန်းကြောင့် သူ့ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကို ပြန်တွေးမိသွားခဲ့လေသည်။

သူက ခေါင်းငုံ့လျက် အတန်ကြာသည်အထိ စကားမပြောပေ။

ကုထင်ရန်လည်း မလောဘဲ ထိုင်စောင့်နေလိုက်သည်။ သူ့ စိတ်ထဲက ဝမ်းနည်းမှုများကို ရင်ဖွင့်လာတဲ့အထိ စောင့်နေလိုက်သည်။

တော်တော်ကြာပြီးမှသာ ရှီးအာလေး၏ အသံက နားထဲ ပျံ့လွင့်လာလေသည်။ လေသံထဲတွင် ချွဲပျစ်မှုများ ရှားရှားပါးပါး ကပ်ပါနေသေးသည်။ အသံတိုင်းက ကုထင်ရန်၏ နှလုံးသားထက် သက်ဆင်းသွားလေသည်။ မနေ့က ခမည်းတော်နဲ့ ပိုင်ကွေ့ရန် အကြောင်း သူ တမင် ဖုံးကွယ်ခဲ့တာက  ခမည်းတော်ကို အခွင့်အရေးပေးဖို့ တွေးထားလို့ဖြစ်သည်။

သည်နေ့ မနက်မှာ အဲ့တစ်ယောက် ရာထူးရသွားသည့် သတင်းကို ကြားရလိမ့်မည်လို့ ဘယ်သူက ထင်ထားမည်နည်း။ သူ အစကတည်းက အနည်းငယ် ခံပြင်းနေသဖြင့် အနှီသတင်းကို ကြားတော့ ပေါက်ကွဲထွက်သွားလေသည်။

သူက တစ်မနက်တည်းနဲ့ သည်နေ့ သင်ခန်းစာများကို အပြတ်ဖြတ်ပြီး ခမည်းတော်အား အကျိုးအကြောင်းမေးချင်သောကြောင့် အလောတကြီးနဲ့ အပြေးလာခဲ့သည်။

အဆုံးမှာတော့ ထို သဘင်သည်နဲ့ ပက်ပင်းတိုးမိလိုက်သည်။ အနှီလူကလည်း ထိုက်ကျီနန်းဆောင်မှ ထွက်လာခါစဖြစ်မည်။ တိုက်ဆိုင်စွာနဲ့ ပက်ပင်းတိုးမိသွားခဲ့လေသည်။

သူက ရွံ့ရှာမှုကြောင့် ချက်ချင်း မျက်မှောင်ကျုံ့လိုက်တော့သည်။ အနှီကောင်စုတ်က အရိုအသေတောင် မပေးဘဲ နေမယ်လို့ ဘယ်သူက ထင်ထားမည်နည်း။ထို့အပြင်  မြင့်မြတ်လှသည့် သူ့လို အိမ်ရှေ့စံကိုတောင် အပေါ်ကြည့်အောက်ကြည့်၍ အကဲခတ်လိုက်သေးသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now