အခန်း(၂၁) ဂရုစိုက်မှု

5.5K 729 17
                                    

"သူ့ကို နောက်ကျရင် မသွားသင့်တဲ့ နေရာတွေကို ပေးမသွားနဲ့"

"ဟုတ်ကဲ့"

ကျောက်ဝမ်ယုံး၏ ထိုစကားက အနည်းငယ် သတိပေးတဲ့သဘောသက်ရောက်နေသဖြင့် ကျန်းလူက စိတ်ထဲမှာ တိတ်‌တိတ်လေး မှတ်ထားလိုက်သည်။ မျက်နှာပေါ်မှာတော့ သူ့ညီမအတွက် အနည်းငယ် စိုးရိမ်မိသွားသည်။

တကယ်တော့ မုချန်နန်းဆောင်က ထိုလူ့ အကြောင်းကို ကျောက်ဝမ်ယုံး၏ ထက်မြက်‌ သောလက်အောက်ငယ်သား တစ်ယောက်အနေနဲ့ အနည်းအကျဉ်းတော့ သိထားပါသည်။ ကျောက်ဝမ်ယုံးက ရုတ်တရက် အာဏာသိမ်းမည်ဟုဆုံးဖြတ်လိုက်တုန်းက သူက ပထမဆုံး သဘောတူခဲ့သည့်လူဖြစ်၏။ ဒုတိယတစ်ယောက်က
ကျူးကောယွီဖြစ်သည်။

ထိုအချိန်တုန်းက သူတို့အများကြီး မစဉ်းစားနေပေ။ ယခင်ဧကရာဇ်က အုပ်ချုပ်တာ နည်းလမ်းမမှန်ဘူးလို့ထင်မိသည်။ အောက်က မင်းသားအချို့ကလည်း အာဏာနှင့် အကျိုးအမြတ်ရရှိရေးအတွက်သာ သိကြသည်။ ပြည်သူတွေကို တကယ့်အစစ်အမှန် ဂရုစိုက်တဲ့လူ တစ်ယောက်မှမရှိချေ။

တကယ်တော့ ထိုအချိန်တုန်းက
ကျောက်ဝမ်ယုံးဘက်မှ ကိုယ်ပိုင်စစ်တပ်များ စုစည်း‌နေပြီကို မင်းသားကြီးက နည်းလမ်းမျိုးစုံဖြင့် အကြိမ်ပေါင်းများစွာ စုံစမ်းခဲ့သည်။ အကယ်၍ ထိုအချိန်တုန်းကသာ ကျောက်ဝမ်ယုံး မလှုပ်ရှားခဲ့လျှင် သေရမှာက သူတို့သာဖြစ်သည်။

ထိုအတွက်ကြောင့် ကျောက်ဝမ်ယုံးဆီမှ ထိုအတွေးပေါ်လာသည့်အချိန်တွင် သူတို့က နောက်ကြောင်းပြန်မလှည့်တော့ဘဲ ကူညီအားဖြည့်ပေးဖို့ ရွေးချယ်လိုက်သည်။
ဓါးသွားပေါ်မှာသွေးစွန်းဖူးတဲ့ ထိုလူ
အတွက်‌ကတော့ သံယောဇဉ်ဆိုတဲ့ အတွေးက ဖြစ်မလာနိုင်ဆုံးဖြစ်သည်။ အာဏာကို လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်မှသာလျှင် သူတစ်ပါးနင်းခြေတာကိုမခံရမှာဖြစ်သည်။

သို့သော် မထင်ထားတာက ကျောက်ဝမ်ယုံးဧကရာဇ်ဖြစ်တာနဲ့ ထိုနှစ်ရဲ့ ကျွမ့်ယွမ်ပညာရှင်၊ ပါရမီထူးကဲလွန်း၍ နာမည်ကျော်ကြားသည့် ကုထင်ရန်ကို နဂါးသလွန်ထက်မှာ ချည်နှောင်လိုက်လေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now