အပိုင်း(၂၉) ခင်ဗျားရဲ့ မိန်းကလေး လာတွေ့တယ်( ဒုတိယပိုင်း)

2.2K 291 17
                                    

ကျောက်ဝမ်ယုံးက သူ့ကို ချစ်တယ်လို့ပြောသဖြင့် သူယုံသည်။

သို့ပေမယ့် ကုထင်ရန်၏ စိတ်ထဲတွင် ပြောမပြတတ်သည့် ခံစားချက်တစ်ခု ကိန်းအောင်းနေလေသည်။ ဒီနေ့ ရှောင်းတန်းယွင်နှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်တွင် သူက အရှိန်အဝါအပြည့်ထုတ်ပြလို့ရသည်။ ထိုထက်ပင်မက အကြီးအကဲဖြစ်သည့် ထိုမိန်းကလေးကိုတောင် မျက်စိထဲမထည့်လို့ရသည်။ သို့ပေမယ့် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိသည်။ အနှီမိန်းကလေးက သူ့ချစ်သူ၏ ဇနီးဖြစ်သလို
ကျောက်ဝမ်ယုံးနှင့် တရားဝင် ပေါင်းသင်းနေသည့် လူလည်းဖြစ်ပေသည်။

ကုထင်ရန်က စကားမပြောတော့သဖြင့် ကျောက်ဝမ်ယုံးက သူ့ကို ရင်ခွင်ထဲမှာ ဖက်ထားလိုက်ကာ သူ့နောက်ကျောကို ဖွဖွလေး ပွတ်ပေးရင်း သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"ကိုယ်ရှိတယ်လေ"

သူက ကုထင်ရန်ကို တခြားသော ကတိကဝတ်တွေ ပေးလို့မရသလို သူက ဧကရီကို စွန့်ပစ်ချင်သည်ဟုလည်း ပြောလို့မရချေ။ အဆုံးမှာတော့ လက်ရှိတွင်
ရှောင်းတန်းယွင်က စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် ဘာကိစ္စကိုမှ လုံးဝ မလုပ်ထားချေ။

ထို့အပြင် ကုထင်ရန်ကို အန္တရာယ်တောထဲမှာထားပြီး လူအများ၏ အနှောက်အယှက် ပေးခြင်းကို ခံခိုင်းတာထက်စာရင်
ရှောင်းတန်းယွင်ကို ထိုနေရာမှာထားလိုက်တာ ပိုကောင်းပါသည်။

သူမက မျိုးရိုးမြင့်ပေမယ့် မိသားစုက အာဏာသိပ်မရှိသောကြောင့် မည်သည့် အခက်အခဲကိုမှ ကျော်လွှားနိုင်မည်မဟုတ်ချေ။ အကြံအစည်များ ခန့်မှန်းလို့မရသည့် ထိုလူတွေကိုပါ ထပ်ဖိနိုင်လိုက်လျှင် ညစ်ပတ်ယုတ်မာသည့် ထိုအရာများအားလုံးက သူမလုပ်တာဖြစ်သွားမည်။

ကုထင်ရန်က ခေါင်းကို ကျောက်ဝမ်ယုံး၏ ရင်ခွင်ထဲ နစ်ထားပြီး စိတ်ထဲမှာတော့ တောက်လျှောက် ခံရခက်နေတုန်းပင်။

ကျောက်ဝမ်ယုံး၏ သဘောထားကို သူ့စိတ်ထဲမှာ သေချာသိပေမယ့် လိုလိုလားလားလက်ခံဖို့ကျ တစ်လျှောက်လုံး မတူညီသည့် ကိစ္စနှစ်ရပ်ဖြစ်နေသည်ကို သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now