အပိုင်း(၉၅) ဘဝသစ်

1.7K 257 12
                                    

ကုထင်ရန်၏ မျက်နှာက ရုတ်တရက် အနည်းငယ် တောင့်တင်းသွားသည်။ လျှိုမိသားစုနှင့်ပတ်သက်သော ကောလဟလများကို အလိုလို သတိရမိသွားသည်။

လျှိုမိသားစု၏ ထိုသခင်လေးက အမည်မသိ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် ဆရာကြီးလျှိုနဲ့ အကြီးအကျယ် စကားများခဲ့ကြသည်ဟု ပြောသံကြားသည်။ ဆရာကြီးလျှိုက စိတ်တိုပြီး သူ့ကို ပိတ်လှောင်ထားခဲ့သည်။ ထို့နောက် လူကို မောင်းချလိုက်‌
တော့သည်။

ဆရာကြီးလျှိုက ပြောရုံသာပြောလိုက်တာကို ဘယ်သူမဆိုသိသည်။ သူ့ရဲ့ တစ်ဦးတည်းသော မြေးလေးဖြစ်သလို လျှိုအိမ်တော်၏ တစ်‌ဦးတည်းသော ဆက်ခံသူလည်းဖြစ်သည်။ ဘာတွေပဲဖြစ်လာပါစေ ဆရာကြီးလျှိုက သူ့အပေါ် တကယ်လုပ်ရက်မှာမဟုတ်ပေ။

သို့ပေမယ့် မတော်တဆဖြစ်မှုက မြန်လွန်းလှသည်။ ဆရာကြီးလျှိုကသူ့ကို သင်ခန်းစာပေးချင်သဖြင့်  တမင်မောင်းချလိုက်တာဖြစ်သော်လည်း မထင်မှတ်ဘဲ လျှိုအန်းက အပြင်မှာ သေသွားခဲ့သည်။

သူက အဆိပ်မိပြီး သေသွားရတာဖြစ်သည်။ တစ်ဘဝလုံး ခေါင်းမငုံ့ခဲ့သည့် ဆရာကြီးလျှိုက အရင်ဧကရာဇ်ရှေ့မှာ ချက်ချင်း အသနားခံတောင်းဆိုခဲ့ပေမယ့် မဆိုင်သည့်လူများကိုသာ အပြစ်ပေးခဲ့သည်။

"အဲ့ဒါဆို လျှိုအန်းကို ရှောင်နုက လူသတ်လိုက်တာလား"

ကုထင်ရန်က ရုတ်တရက် ကိစ္စရပ်များအားလုံးကို အချိတ်အဆက်မိသွားသည်။ သာမညောင်ညမဟုတ်သည့် ရွှဲယိက တကျော့ပြန်ထလာနိုင်အောင်သေချာပေါက် ဘာမဆိုလုပ်မှာဖြစ်သည်။

ထို့အပြင် သူ့ရဲ့လုပ်ရပ်ကို သူ့ရန်သူ ရိပ်မိသွားခဲ့လျှင် အဆုံးသတ်က ဝမ်းနည်းစရာကောင်းမှာ သေချာပါသည်။

ကျောက်ဝမ်ယုံး၏ မျက်ဝန်းက အနည်းငယ် မှိန်သွားပြီး ဝမ်းနည်းသံနဲ့ပြောလိုက်သည်။

"လျှိုအန်းက ရွှဲယိရဲ့ လက်ကိုဆွဲပြီး ဆရာကြီးလျှိုရဲ့ ရှေ့မှာ ဒူးထောက်ခဲ့တယ်လေ၊ ဆရာကြီးလျှိုက ချက်ချင်း သေအောင် ဒေါကန်သွားတာ"

ကျောက်ဝမ်ယုံးက တစ်ခါမှ ထုတ်မမေးဖူးပေ။ သို့သော် ကျူးကောယွီပြောစကားများနှင့် သည်နှစ်အချို့မှာ သိထားသမျှ လျှိုဝှက်ချက်ထဲကနေ အကြောင်းစုံကို သဘောပေါက်သွားခဲ့သည်။ ထိုဇာတ်လမ်း၏ အသေးစိတ်အကြောင်းအရာတော်တော်များများက ကျူးကောယွီက ပြောတာနဲ့ သိပ်မတူပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now