အခန်း(၅၁) အကြီးအကဲရှောင်း

5.2K 691 17
                                    

ဧကရီအပ်နှင်းမည့်ကိစ္စက အရေးကြီးကိစ္စတစ်ရပ်ဖြစ်သည်။ မူးမတ်များက တစ်မနက်လုံး ဆူညံ့ပွတ်လောရိုက်ပြီးမှ ရှောင်းမိသားစု၏ သမီးတော် နန်းတွင်းဝင်မည့်ရက်ကို သတ်မှတ်နိုင်သွားသည်။ ထိုနေ့က ဧကရီအပ်နှင်းမည့် အခမ်းအနားကျင်းပမည့် နေ့လည်းဖြစ်သည်။

သတ်မှတ်လိုက်သည့် အချိန်က နောက်နှစ် ငါးလပိုင်း၊ နေရောင်ထွန်းလင်းတောက်ပပြီး ပန်းပေါင်းစုံ ဝေဝေဆာဆာပွင့်လန်းမည့် နွေဦးအခါသာမယမှာဖြစ်သည်။ မင်းဆက်သုံးပါးမှ ဝါရင့်မူးမတ်အချို့က ပထမဆုံးအကြိမ် အတွေးအမြင်တွေကို စုစည်းခဲ့ပြီး ရှောင်းမိသားစု၏ သမီးတော် နန်းတော်ထဲဝင်မည့် နေ့ရက်ကို တတ်နိုင်သမျှ  အချိန်ဆွဲခဲ့သည်။

အပေါ်ယံအကြောင်းပြချက်ကတော့ ဧကရီအသစ် ခန့်အပ်မည့်ကိစ္စက လုံးဝ ပေါ့ဆလို့ မဖြစ်လို့ဟု ဆိုသည်။  ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကိုတော့ လူတိုင်းက ကောင်းကောင်းနားလည် သဘောပေါက်ကြသည်။

ရှောင်းအိမ်တော်က ညီလာခံခန်းမနှင့် ဝေးကွာနေတာ နှစ်ပေါင်း(၅၀)လောက်ရှိပြီဖြစ်သော်လည်း တိုင်းပြည်အတွင်း စာပေပညာရှင်ကြားထဲမှာတော့ အရေးပါအရာရောက်သည့် နေရာမှာ ရှိနေတုန်းပင်။

ထိုအရာက မိသားစု၏ စွမ်းဆောင်ရည်ဖြစ်ပြီး ရာစုနှစ်တစ်စုကြာ ရှောင်းအိမ်တော်၏ စစ်မှန်သော အင်အားဖြစ်သည်။

ဒီလိုရှောင်းအိမ်တော်ကလူမျိုးသာ နန်းတော်ထဲပြန်ဝင်လာရင် ရေမျက်နှာပြင်ကိုသာမက လူ့စိတ်ကိုပါ တုန်လှုပ်စေလိမ့်မည်။

ကျူးကောယွီသည် မနက်ထဲက မျက်နှာမကောင်းဖြစ်နေပြီး ဧကရာဇ်အရှင်၏ ရုတ်တရက် ထုတ်ပြန်လိုက်သည့် အမိန့်စာအကြောင်းကို ကြားလိုက်ရတော့ မျက်နှာက ပိုပြီး ကြည့်ရဆိုးသွားသည်။

ညီလာခံတစ်ခုလုံးရှိ အမတ်များသည် ဧကရီနန်းတော်ထဲဝင်ရောက်မည့် အချိန်အတွက် ဆူညံ့ပွတ်လောရိုက်နေသည်။ ဧကရာဇ်အရှင်ကတော့ ပွဲထိုင်ကြည့်နေသော ပုံစံဖြစ် နေသည်။

ဝန်ကြီးချုပ်တစ်ယောက်ပဲ တစ်မနက်လုံး စကားတစ်ခွန်းမှ မပြောဘဲ တစ်ကိုယ်ထဲ အေးစက်စက်လေထုတွေ ထုတ်လွှတ်နေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now