အပိုင်း(၄) ခင်ဗျားက ဘယ်သူလဲ (ဒုတိယပိုင်း)

3.4K 486 12
                                    

ကျောက်ဝမ်ယုံးက ထူးထူးခြားခြား
တည်ငြိမ်လို့နေသည်။ ကုထင်ရန်၏
မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ရင်ဆိုင်နေရသော်လည်း ရှားရှားပါးပါး
ဟန်အမူအရာမပျက်ဖြစ်နေသည်။

"ကိုယ်တို့ တကျိုးမှာ အမျိုးသားနှစ်ယောက်က ထိမ်းမြားလို့လည်းရတယ်၊ ယောင်္ကျားလေး ကလေးမွေးတာကလည်း ဘာမှ
ထူးထူးဆန်းဆန်း မဟုတ်ဘူး"

ထိုစကားက တကယ်တော့လည်း မမှားချေ။
ယောင်္ကျားလေးနှစ်ယောက်က တကယ့်ပဲ လက်ထပ်လို့ရပါသည်။

ဧကရာဇ်ဝူက လော့ထင်ဖုန်းကို သိမ်းပိုက်ခဲ့သည့် ထိုအချိန်တုန်းက အကြီးအကျယ်ပွတ်လောရိုက်သွားပေမယ့် အချိန်တွေကြာတော့လည်း ကျင့်သားရသွားကြလေသည်။

ပြည်သူများကြားထဲမှာတောင် တစ်ခြားသော ဇာတ်ကြောင်းတွေ အများကြီး ရှိပါသည်။

အရင်တုန်းက တိုးတိုးတိတ်တိတ် ပရောပရည်လုပ်ခဲ့သည့် ချောမောလှပသော ယောင်္ကျားလေးများသည် အများပြည်သူကြားထွက်လို့လာပြီး အမျိုးသားချင်းတောင် ထိမ်းမြားလက်ထပ်ကြပါသေးသည်။

သို့ပေမယ့် အဆုံးမှာတော့ မသင့်လျော်သော ကိစ္စဖြစ်ပေသည်။

ယောင်္ကျားလေး ကလေးမွေးသည့်ကိစ္စသည် အစကတည်းက ရှိနှင့်ပြီးသားဖြစ်သည်။

ကျန်းဝုမျိုးနွယ်စု၏ ဒဏ္ဍာရီသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပေမယ့် ဤနှစ်များ၌သာ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့တာဖြစ်သည်။

ထိုကြောင့် သူ့ရဲ့ ထိုစကားကလည်း အလိမ်အညာစကားဟု ယူဆလို့မရပေ။

ကုထင်ရန်က အံဩမှုကြောင့် ပါးစပ်တောင် မစိနိုင်ဖြစ်သွားပြီး မျက်နှာထားက ကြက်သေသေသွားလေသည်။

သူက တစ်ချို့ကိစ္စတွေကို မေ့သွားပြီး ကိုယ်က ဘယ်သူဘယ်ဝါလဲဆိုတာ မမှတ်မိတော့ပေမယ့်လည်း ခေါင်းထဲမှာ မထင်မရှား မှတ်ဉာဏ်တစ်ချို့ ရှိပါသေးသည်။ နေ့စဉ်ဘဝရဲ့ ကိစ္စရပ်များကို သိပါသေးသည်။

သို့ပေမယ့် သူမှတ်မိတဲ့အရာများက ဒီလူပြောတာနဲ့ လုံးဝ တစ်ပုံစံတည်း မဟုတ်ချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now