အပိုင်း(၃၈) မင်းပဲ ကိုယ့်ကို ချစ်တယ်ဆို

4.4K 402 17
                                        

ညနေစောင်းမှသာ ကျောက်ဝမ်ယုံးက မုချန်နန်းဆောင်၏ တံခါးမကြီးထဲ ခြေချတော့သည်။

ကျောက်ရှန့်ရှီးက ခေါင်းငုံ၍ စာလုံးရေးကျင့်နေရင်း အသံကြားတော့ ခေါင်းမော့ ကြည့်လိုက်သည်။

သူ နည်းနည်း ပျော်သွားသောကြောင့်
သွားမလို့လုပ်လိုက်ပေမယ့် တစ်ခုခုကို သတိရသွားသလို ခြေလှမ်းကို ပြန်ရုတ်လိုက်သည်။

မျက်လုံးအကြည့်ကလည်း ဝမ်းနည်းနေလေသည်။

သူက ခေါင်းငုံ့၍ စာဆက်ရေးနေလိုက်သည်။ ခမည်းတော်ကို မမြင်လိုက်သည့်နှယ်။

ကုထင်ရန်မှာ မြင်တော့ နှလုံးသားက ဓါးဖြင့် အမွှန်းခံလိုက်ရသလိုပင်။ သို့သော်
ကျောက်ဝမ်ယုံးက သူ့မျက်စိရှေ့မှာ ရှိနေသေးသဖြင့် ကုထင်ရန်က လုံးဝ ဂရုမစိုက်သည့်ပုံစံ ဖမ်းထားရပေမည်။

ကျောက်ဝမ်ယုံးက မျက်မှောင်ကျုံ့လျက်
ဝင်လာပေမယ့် ကြိုးစားပမ်းစားဖြင့် ပြုံးဟန်ဆောင်လိုက်သည်။

"သွားရအောင်၊ ထမင်းစားဖို့သင့်ပြီ"

ကုထင်ရန်က ခေါင်းတောင် တစ်ချက် မော့မကြည့်ချေ။ သူ့က ရှီးအာလေးဆီ လက်ကမ်းလိုက်ပြီး ကလေးနှင့်အတူ ထွက်သွားလိုက်သည်။ သွားသည့်အချိန်တွင် ကျောက်ဝမ်ယုံးကို အမှတ်တမဲ့ တစ်ချက်ကြည့်လိုက်ပေမယ့် အကြည့်ကို မြန်မြန်ဆန်ဆန် ပြန်ရုတ်သိမ်းလိုက်သည်။

ကျောက်ဝမ်ယုံးက မျက်စိမှိတ်၍ စိတ်ထဲက ဒေါသကို မျိုချလိုက်သည်။ လက်သီးကို အကြိမ်ကြိမ် ကျစ်ကျစ်ပါအောင်ဆုပ်ထားပေမယ့် နောက်ဆုံးမှာတော့ ဖြေလိုက်သည်။

ကျောက်ဝမ်ယုံး ရောက်သည့်အချိန်တွင် အခြားနှစ်ယောက်က စသုံးဆောင်နေပြီဖြစ်သည်။ ကုထင်ရန်က သူ ခါတိုင်းထိုင်သည့်နေရာမှာ မထိုင်ဘဲ ရှီးအာလေးဘေးသို့ ပြောင်းထိုင်လိုက်သည်။ ကျောက်ဝမ်ယုံး၏ မြင်ကွင်းကနေ အဝေးဆုံးသို့ ရွေ့ပြောင်းခဲ့သည်။

ကျောက်ဝမ်ယုံးက ဘာတစ်ခွန်းမှ မပြောဘဲ ဝမ်းကုန်းကုန်းကို အေးတိအေးစက် တစ်ချက်ကြည့်လိုက်သည်။ ဧကရာဇ်၏ ပန်းကန်လုံးနှင့်တူက ကုထင်ရန် နံဘေးသို့ ပြောင်းရွေ့ခံလိုက်ရသဖြင့် ထိပ်ဆုံးနေရာက လူသူကင်းမဲ့သွားလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now