အပိုင်း(၃) ခင်ဗျားက ဘယ်သူလဲ (ပထမပိုင်း)

3.9K 527 26
                                    

ကျောက်ဝမ်ယုံးက လက်တွေ‌တောင်
တဆတ်ဆတ်တုန်ယင်နေပြီး သူက
ကျောက်ရှန့်ရှီးကို ဖြေးဖြေးလေး
တစ်ချက် တွန်းထုတ်လိုက်လေသည်။

"သွား....ချန်ရှင်းကို သွားခေါ်လာခဲ့"

ကြည့်လိုက်ရင် အိန္ဒြေသိက္ခာရှိပြီးတည်ငြိမ်သည့်ပုံပေါက်ပေမယ့် အမှန်တကယ်တော့ လေသံထဲတွင် တုန်ယင်မှုများ အပြည့်ဖြစ်နေသည်။

ကျောက်ဝမ်ယုံးက ကုထင်ရန်ကိုသွားပေးရန် လက်ဖက်ရည်တစ်ခွက် လှမ်းယူလိုက်လေသည်။ သူ့လက်က အနည်းငယ် တုန်ယင်နေသဖြင့် အကြိမ်ကြိမ် လှမ်းယူခဲ့တာတောင် အောင်မြင်ခြင်းမရှိချေ။

သူက အသက်တစ်ချက်ရူသွင်းလိုက်ပြီးမှသာလျှင် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို အောင်မြင်စွာ ယူလိုက်နိုင်ပြီး ကုထင်ရန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်လေသည်။

ကျောက်ရှန့်ရှီးက တုံ့ပြန်မလာသေးချေ။ ငေးကြောင်ကြောင်ဖြင့် သလွန်ပေါ်က
ကုထင်ရန်ကို ကြည့်နေလေသည်။
မျက်လုံးအပြူးသားဖြစ်နေသဖြင့်
ကြည့်ရတာ အင်မတန် ချစ်စရာကောင်းလှသည်။

ကျောက်ဝမ်ယုံးက သူ့ကို တစ်ချက်ကြည့်ပြီး ဟောက်လိုက်လေသည်။

"မြန်မြန်သွားလေ!"

သူလေသံက အင်မတန် ခက်ထန်နေပေမယ့် အသံကိုတော့ အတော်လေး နှိမ့်ထားသည်။ ကုထင်ရန်က စိတ်အနှောက်အယှက်ဖြစ်သွားမှာ၊ လန့်ဖျန့်ပြီး သူ့ကို ကြည့်ဖို့ ထပ်ပြီးတော့လည်း နိုးမလာတော့မှာကို ကြောက်နေမိလေသည်။

"အော်....အော်....သားတော်သိပါပြီ"

ကျောက်ရှန့်ရှီးက အခုမှ ကြားလိုက်သလိုဖြင့် မျက်စိတ်တမှိတ်အတွင်းမှာ မြန်မြန်ဆန်ဆန် ပြေးထွက်သွားလေသည်။

အပြင်ဘက်တွင် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက်အသံများ ပျံ့နှံလာလေသည်။

ကျောက်ဝမ်ယုံးက ရှီးအာလေး၏ အော်သံကို ပြတ်ပြတ်သားသား ကြားလိုက်ရလေသည်။

"သမားတော်ချန်၊ သမားတော်ချန်၊ သားဖေဖေနိုးပြီ!"

ကျောက်ဝမ်ယုံးသည် ကိုယ့်ရဲ့ ကတုန်ကရင်ဖြစ်နေမှုကို အစွန်းကုန်ထိန်းချုပ်လိုက်ပြီး
ကုထင်ရန်ကို နည်းနည်းချင်းစီ ရေခွံတိုက် ပေးလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now