အပိုင်း(၃၅) ချုပ်နှောင်ထားခြင်း

2.4K 275 10
                                    

ကုထင်ရန်က ကျောက်ဝမ်ယုံး၏ မျက်နှာကို ကြည့်ရင်း စိတ်ထဲတွင် အရင်ကလို နွေးထွေးပျော်ရွင်မှုများ လုံးဝ မရှိတော့ချေ။

သူစိမ်းတစ်ယောက်ကို ကြည့်နေရသလိုမျိုး သူ့ကို ကြည့်နေသည်။

ကုထင်ရန်က အတန်ကြာသည်အထိ သူ့ကို ကြည့်ရင်း ကြက်သေသေနေခဲ့သည်။ထို့နောက် ရုတ်တရက်ကြီး ပြုံးလျက် ပြောလိုက်သည်။

"တကယ်လား"

ပြောပြီးနောက် ခေါင်းကို ကျောက်ဝမ်ယုံး၏ ရင်ခွင်ထဲ မြုပ်ထားလိုက်ပြီး လုံးဝ မော့မလာတော့ချေ။

ကျောက်ဝမ်ယုံး၏ မျက်နှာထားက ချက်ချင်း တင်းမာသွားလေသည်။ သူက ကုထင်ရန်၏ ခေါင်းထိပ်ကို ငိုင်တွေတွေဖြင့် စိုက်ကြည့်နေပြီး အကြာကြီးနေပြီးမှ ပြောလိုက်သည်။

"တကယ်ပြောတာ၊ တကယ်"

သူ့အသံက တိုးညှင်းလှသည်။ ကုထင်ရန်က မျက်လုံးမှိတ်ထားသဖြင့် ကြားလိုက်သလား ဆိုတာကိုလည်း မသိချေ။

ကျောက်ဝမ်ယုံးက ရင်ခွင်ထဲရှိ လူကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ ဤကဲ့သို့ဖက်ထားလျှင် သူပြောခဲ့သောစကားများကို အမှန်တရားအဖြစ် ပြောင်းလဲနိုင်သည့်နှယ်။

နောက်တစ်နေ့ နံနက်တွင် ကုထင်ရန် မျက်လုံးဖွင့်လိုက်သည်နှင့် မထင်မှတ်ဘဲ
ကျောက်ဝမ်ယုံးကို မြင်လိုက်ရသည်။

ကျောက်ဝမ်ယုံးက သူ့ဘေးမှာ ထိုင်၍ အစီရင်ခံစာများကို မှတ်ချချက်နေလေသည်။ ရံဖန်ရံခါ စာရွက်လှန်သည့်အသံကို ကြားရတတ်သည်။

သို့ပေမယ့် ကျောက်ဝမ်ယုံး၏ လှုပ်ရှားမှုများက ညှင်သာလွန်းလှသည်။ အာရုံမစိုက်ဘဲ နားထောင်ကြည့်လျှင် ဘာဆိုဘာမှ ကြားရမည်မဟုတ်ချေ။

ကုထင်ရန်က တစ်ခဏလောက် ကြက်သေသေသွားသည်။ထို့နောက် မျက်မှောင် ယဲ့ယဲ့လေး ကျုံ့လိုက်သည်။

ကျောက်ဝမ်ယုံး ခေါင်းမော့လိုက်သည်နှင့် သူ့ကို တန်းမြင်လိုက်သည်။

သူက လက်ထဲရှိ အစီရင်ခံစာကို ကမန်းကတန်းချ၍ ကုထင်ရန်ဆီသို့ ပြုံးလျက် လျှောက်လာခဲ့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now