အပိုင်း (၆၄) အဆိပ်ခတ်ခြင်း (ပထမပိုင်း)

4K 553 20
                                    

သူ အားသုံးတာ မမှန်မှာကို သမားတော်လီက စိုးရိမ်နေသည်။ တလက်စတည်း အားကို ချိန်ညှိရန် ချက်ချင်း သူ့ကိုယ်ပေါ်မှာ စမ်းနှိပ်ခိုင်းလိုက်သည်။ ကျောက်ဝမ်ယုံးက လုံးဝ အားမလျော့ပေ။ သူ့ ခါးကိုနှိပ်တာမှ အင်္ကျီအထူကြီးဝတ်ထားတာတောင် သွေးခြေဥတော့မည်ဖြစ်သည်။

သမားတော်လီက နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသည်။ ဧကရာဇ်အရှင်ကိုလည်း စကားအများကြီး မပြောရဲသဖြင့် ဖြေးဖြေးချင်း လမ်းညွှန်ပြသနေလိုက်သည်။

ကျောက်ဝမ်ယုံးလိုလူက အမြဲတမ်း စိတ်မရှည်ပေ။ အရင်တုန်းကသာဆိုရင် အစောကြီးကတည်းက မျက်နှာကြီးမဲမှောင်လျက် ထွက်သွားနှင့်ပြီဖြစ်သည်။ ဒီနေ့မှာတော့ စိတ်အခြေအနေ တစ်မျိုး ပြောင်းနေသည်။

လီယွမ်ဆီက အထပ်ထပ်အခါခါ သင်ပြခံရလည်း ဝတ်ရုံလက်ခါပြီး မလုပ်တော့ဘူးလို့မပြောပေ။ မျက်နှာမကောင်းဖြစ်နေတာတောင် အလေးအနက်ထား၍ သင်ယူနေဆဲဖြစ်သည်။

အထပ်အထပ်အခါအခါသင်ယူပြီးနောက် နောက်ဆုံးမှာတော့ အနည်းငယ် ပုံပန်းကျလာသည်။

ကျောက်ဝမ်ယုံးက ကုထင်ရန်၏ ကိုယ်ပေါ်မှာ ရမ်းသမ်း မစမ်းရဲသဖြင့် ကိုယ့်ကိုယ်ပေါ်မှာ အရင်ဆုံး စမ်းနှိပ်ကြည့်လိုက်သည်။
သို့ပေမယ့် သူ့အသားအရေက ကြမ်းထော်ကျစ်လစ်နေလေရာ ကုထင်ရန်နှင့် လုံးဝ ယှဉ်လို့မရနိုင်ပေ။

လီယွမ်က သူလုပ်နေတာကို တလျှောက်လုံး စိုက်ကြည့်နေပြီး သူမှားနှိပ်သည့်နေရာတွေကို ထောက်ပြလိုက်သည်။

နှစ်ယောက်သား ဒီလိုနဲ့ သုံးလေးငါးရက်လောက် တိတ်တဆိတ်လေ့ကျင့်ခဲ့သည်။ ထိုရက်တွေမှာ သမားတော်လီက စိတ်လောမှု၊စိုးရိမ်ပူပန်မှုကြောင့် စိတ်တိုလာသော်လည်း ဒေါသကို ဖိနှိပ်ထားလိုက်ပြီး ကောင်းကောင်းမွန်မွန် ထောက်ပြပေးနေလိုက်သည်။

နောက်ဆုံးတွင် ကျောက်ဝမ်ယုံးသည် တတ်မြောက်သွားခဲ့သည်။ ကိုယ့်ကိုယ်ပေါ်က အကြောနေရာကို မှန်အောင်ရှာနိုင်သွားခဲ့ပြီး အားကိုလည်း အတော်လေး ထိန်းချုပ်နိုင်သွားသည်။ 

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now