အခန်း(၄၈) ညအချိန်တွင် နန်းတော်ဂိတ်တံခါးသို့ ဇွတ်တရွတ်ဝင်ရောက်ခြင်း (ပထမပိုင်း)

4.6K 643 10
                                    

ကုထင်ရန်သည် ကျုံးစုဟို့အိမ်‌တော်မှာ ရှန်းအချိန်ထိနေပြီးမှသာ သူ့ကိုယ်ပိုင် ကုအိမ်တော်သို့ ပြန်သွားခဲ့သည်။

(T/N ရှန်းအချိန်- ညနေ ၃နာရီမှ ၅နာရီထိ)

အိမ်တော်သို့ရောက်သည့်နှင့် အိမ်တော်ထိန်းကို ချက်ချင်း ခေါ်လိုက်ပြီး သူ့ကို စွန်းမိုမိုမိသားစုအတွက် ထောက်ပံ့ကြေးပေးရန်၊ 
တလတ်စတည်း စွန်းမိုမို၏ သမီးအကြောင်းကို မေးမြန်းရန် ကိုယ်တိုင်ကိုယ်ကျ မွေးရပ်မြေသို့ သွားခိုင်းလိုက်သည်။

သူက အတန်ကြာသည်အထိ အသေးစိတ်မှာကြားနေခဲ့သည်။ ထိုအိမ်တော်ထိန်းက သူ့ယုံကြည်ရသည့် လက်အောက်ငယ်သားဖြစ်သည်။ ထိုကိစ္စက အရေးကြီးမှန်း အလိုလို သဘောပေါက်သဖြင့် တင်္ဂလေးတောင် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ထိုနေ့ ညမှာတင် ချက်ချင်း ထသွားလိုက်သည်။

အိမ်တော်ထိန်းသွားပြီးနောက် ကုထင်ရန်သည် တစ်ယောက်ထဲ ခန်းမဆောင်ကြီးမှာ ဒီအတိုင်း ဆက်ထိုင်နေသည်။  တခါတရံ လက်ဖက်ရည် တစ်ငုံနှစ်ငုံ‌သောက်ရင်း ရိုအချိန် ကျော်လွန်ပြီး ရှီးအချိန်ရောက်တဲ့အထိ တောက်လျှောက် နေနေခဲ့သည်။

(T/N ရိုအချိန် - ညနေ ၅ နာရီမှ ၇နာရီအထိ၊
ရှီးအချိန် ည ၇ နာရီမှ ၉နာရီအထိ)

အိမ်တော်ထဲရှိ အစေခံတွေအားလုံးက ဒီနေ့ သူ မသွားလောက်တော့ဘူးလို့ ထင်နေကြသည်။  တကယ်တော့ နန်းတော်ဂိတ်တံခါးက ရိုအချိန်မှာ ပိတ်ပြီး မည်သူမဆို ဝင်ထွက်ခွင့် မရှိတော့ပေ။

သို့ပေမယ့် ကုထင်ရန်ကတော့ ကောင်းကင်အရောင်ကို ကြည့်ရင်း အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုနောက် တဖြေးဖြေးချင်း ထွက်သွားလိုက်သည်။ သွားတဲ့လမ်း‌ကြောင်းက နန်းတော်ဂိတ်တံခါးဝသို့ ဦးတည်နေသည်။

ဝမ်အာ့က ဘာနောက်ခံမှ မရှိသည့် အစောင့်လေးဖြစ်သည်။ ဒီည ဂိတ်စောင့်ရသည့် ဆိုးရွားသည့်တာဝန်က မမျှော်လင့်ဘဲ သူ့ခေါင်းပေါ် ကျလာသည်။ သူတစ်ယောက်ထဲ နန်းတော်ဂိတ်တံခါးဝမှာ ရပ်နေရပြီး လေးအေးက တဝှီးဝှီး တိုက်ခတ်နေသဖြင့် စိတ်ထဲမှာ တစ်ချိန်လုံး လစ်ထွက်ဖို့ စဉ်းစားနေသည်။ ဟုတ်လည်းဟုတ်ပေသည်။ ဒီနန်းတော်ဂိတ်တံခါးက ပိတ်ပြီးရင် ထပ်ဖွင့်မည့် သဘောမရှိတော့ပေ။ သို့ပေမယ့် ဒီနေရာမှာ မဖြစ်မနေ လူစောင့်ပေးရမည်ဖြစ်သည်။ ဒီကိစ္စက အလုပ်မရှိအလုပ်ရှာတယ်လို့ သူ့စိတ်ထဲမှာ ထင်မိသည်။ သို့သော် တာဝန်သိတတ်တဲ့ အစောင့်ကောင်းတစ်ယောက်လို အလေးအနက်ထားပြီး စောင့်ရဦးပေမည်။ နောက်နေ့တွင် ခေါင်းဆောင်ဆီက အမြင်ကောင်းရပြီး တောက်ပသည့် အနာဂတ်တစ်ခုနှင့် လဲလှယ်ခွင့်ရရန် မျှော်လင့်နေသည်။ အာရုံ‌ထွေပြားနေစဉ်မှာ မြောက်ဘက်ကနေ ချောမောခန့်ငြားသည့် လူငယ်တစ်ယောက် လျှောက်လာတာကို သူမြင်လိုက်သလိုပင်။ သူ အမြင်မှားတယ်လို့ထင်မိသဖြင့် အလျင်အမြန် လက်ဖြင့် မျက်လုံးကို ပွတ်လိုက်ပြီး အာရုံစူးစိုက်၍ တစ်ခေါက် ထပ်ကြည့်လိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now