အပိုင်း (၂၅) သံသယ(ဒုတိယပိုင်း)

3.2K 323 6
                                        

ကျန်းကျီလန်က လှစ်ခနဲ ပြေးထွက်သွားလေသည်။ ကျောက်ဝမ်ယုံးက သုတ်ခြေတင်ထွက်ပြေးသွားသည့် သူမပုံစံလေးကို မြင်တော့ စိတ်ထဲမှာ အနည်းငယ် မာန်တတ်သွားသေးသည်။ သည်မိန်းကလေးက အရိပ်အကဲသိသည်ဟု တွေးနေလေသည်။

ကုထင်ရန်ဘက်သို့ ခေါင်းလှည့်လာသည့်နှင့် ချက်ချင်း နူးညံ့သိမ်မွေ့သည့် မျက်နှာထား ပြောင်းလဲသွားခဲ့သည်။

"ဘယ်လိုနေသေးလဲ"

ကုထင်ရန်က သက်သာသွားပြီဖြစ်သဖြင့် ချောင်းလည်းမဆိုးတော့ချေ။ သို့ပေမယ့် ကျန်းကျင့်ဖေး၏ ခြေလှမ်းကို မြင်တော့ အနည်းငယ် ဇဝေဇဝါဖြစ်သွားသေးသည်။

"သူဘာလို့ ချက်ချင်းပြန်သွားရတာလဲ"

လေသံထဲဝယ် ဝမ်းနည်းမှုများ ကပ်ပါနေသေးသည်။

ကျောက်ဝမ်ယုံးက ကြားသည်နှင့် ထိုဒေါသက ဆောင့်တတ်လာပြန်သည်။
ကျန်းကျီလန်ကို စိတ်ထဲမှာ တိတ်တိတ်ကလေး စာရင်းမှတ်ထားလိုက်လေသည်။

"သူ မအားဘူးလေ၊ မင်းနဲ့ တစ်ချိန်လုံး ဘယ်စကားပြောနိုင်မလဲ"

ပြောရင်း ကုထင်ရန်ကို တစ်ချက် ကြည့်လိုက်သေးသည်။

"မင်း နောက်တစ်ခေါက်ကျရင် ကိုယ့်ကိုလာရှာလို့ရပါတယ်၊ ကိုယ်က အမြဲ အားနေတာ"

သူက ၎င်းစကားကို ပြောတာ တကယ့်ကို ဉာဏ်မရှိရာကျသည်။ အကယ်၍ ညီလာခံခန်းမထဲရှိ ထိုအမတ်တစ်အုပ်ကြားလျှင် ဒေါသကြောင့် သွေးပါအန်လောက်မည်။

ဧကရာဇ်အရှင်က အလုပ်အများဆုံးဆိုတာ ဘယ်သူက မသိဘဲနေမည်နည်း။ သူတို့အမတ်တစ်အုပ်မှာ အလုပ်ပေါ်သည်နှင့်
လူကိုတောင် ဖမ်းမမိကြတော့ချေ။

ကုထင်ရန်က ပြုံးလိုက်ပေမယ့် အတည်မယူလိုက်ချေ။

သူက လက်ထဲမှာ ပန်းလေးတွေကို ကိုင်လျက် မတ်တပ်ရပ်လာပြီး ကျောက်ဝမ်ယုံးကို မေးလိုက်လေသည်။

"လှလား"

ကျောက်ဝမ်ယုံးက စဉ်းတောင်မစဉ်းစားဘဲ ဖြေလိုက်သည်။

"လှတယ်၊ တကယ် လှတယ်"

သူက အနှီအရာတွေကို ဘယ်လိုလုပ်နားလည်မည်နည်း။ ခုနကတော့ စိတ်ထဲမှာ ကျန်းကျီလန်ကို လှောင်ပြောင်နေပေမယ့် တကယ်တော့လေ ပန်းမန်များနှင့်ပတ်သက်လာလျှင် သူက ကျန်းကျီလန်ကို
မယှဉ်နိုင်ဆဲဖြစ်သည်။ အနည်းဆုံးတော့
ကျန်းကျီလန်က ခွေးမြီးမြက်ကို သိသေးသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora