အခန်း(၁၁) နောက်တစ်ကြိမ် ဖျားခြင်း

6.4K 775 18
                                    

"အရှင်မင်းကြီး"

ဝန်ကြီးချုပ်က ကောင်းစေချင်သည့်သဘောဖြင့် တိုက်တွန်းဖျောင်းဖျ၏။

"အရှင်မင်းကြီး၊ အရင်ဧကရာဇ်က အကြိမ်ပေါင်းများစွာ  တိုင်းခန်းလှည့်လည်ဖူးပါတယ်၊ ဘဏ္ဍာတိုက်မှာ အစောကြီးကတည်းက ဘဏ္ဍာငွေတွေ လျော့နည်းနေပါပြီ၊ နှစ်နှစ်လောက် ထွန်ယက်စိုက်ပျိုးမယ်ဆိုရင်တောင် စစ်ပွဲစတင်ဖို့ လုံးဝမလုံလောက်သေးပါဘူး"

အဆုံးသတ်မှာတော့ ဒီသခင်ကြီး၏ အမှားသာဖြစ်သည်။

"ကျွန်တော်မျိုးပြောချင်တာက အရင်နှစ်က ကျွန်တော်မျိုးတို့ တိုက်နိုင်ခဲ့တယ်၊ အခုလည်း အရင်တိုင်းပဲဖြစ်မှာပါ"

ကျောက်ဝမ်ယုံးလည်း ဒါက သဘာဝကျတယ်လို့ထင်မိသည်။

သို့ပေမယ့် ဝန်ကြီးချုပ် ကျူး‌ကောယွီက စိတ်ဆိုးလွန်းသဖြင့်  မျက်နှာတွေနီမြန်းပြီး အကြောတွေပါထောင်လာလေသည်။ သူက စာပေပညာရှင်သမားဖြစ်သည်။ ရန်ဖြစ်သည့်ဘက်မှာတော့ အရပ်မြင့်မြင့်သန်မာထွား
ကြိုင်းသည့် ကျန်းလူကို မယှဉ်နိုင်‌သေးပေ။

"ကျန်းလူ အရိုင်းအစိုင်းကောင်"

"ကျူးကောယွီ၊ ခင်ဗျားက ငကြောက်ကောင်"

ကျောက်ဝမ်ယုံးမှာ ငြင်းခုံရန်ဖြစ်သံ‌တွေကြောင့် ခေါင်းတွေတောင်ထိုးကိုက်လာလေသည်။ စစ်တိုက်ဖို့ကလည်း ပိုက်ဆံမရှိ၊ မတိုက်ပြန်လည်းမဖြစ်ပေ။

တစ်ညနေလုံး ငြင်းခုံရန်ဖြစ်ခဲ့ကြသည်။ နောက်ဆုံးမှာ‌တော့ ကျောက်ဝမ်ယုံးက အမိန့်ချလိုက်သည်။ အရင်ဆုံးသံတမန်စေလွှတ်ပြီး ရှောင်နုတွေရဲ့ အခြေအနေကို အတွင်းကျကျ စုံစမ်းမည်။ စစ်သူကြီးနှင့် ဝန်ကြီးချုပ်က ထိုကျမှပဲ အတူတူနောက်ဆုတ်သွားတော့သည်။

ထွက်ခွာသွားတဲ့အချိန်မှာ နှစ်ယောက်သား အပြန်အလှန် မုန်းတီးစွာကြည့်သွားကြသေးသည်။ ဝန်ကြီးချုပ်က အဲ့ဒီယဉ်ကျေးမှုမရှိသည့် အရိုင်းအစိုင်းနှင့် ခပ်ဝေးဝေး နေဖို့အတွက် သုံးလီတိတိရှိသည့် လမ်းကိုကွေ့ပတ်ပြီးမှ သူ့၏ အိမ်ကို ပြန်ရောက်ခဲ့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now