အပိုင်း(၉၂) ကတောက်ကဆဖြစ်ကြခြင်း (ဒုတိယပိုင်း)

2.5K 399 18
                                    

ကျောက်ဝမ်းယုံး၏ အကြည့်က စူးရှခက်ထန်လို့နေပြီး ဘေးမှာ ရပ်နေသည့် အန်းကုန်းကုန်းပင် ကျောက်ဝမ်ယုံး၏ အကြည့်ထဲမှာ ကြိုတင်ပြင်ဆင်ထားသဖြင့် စိတ်အေးလက်‌အေးဖြစ်နေမှုကို ခံစားမိလိုက်သည်။

သို့ပေမယ့် ကျောက်ဝမ်ယုံးက ထိုစာကို ယူလိုက်လေသည်။

ထိုစာက အရမ်းတိုတုတ်ပြီး စာလုံးရေ အနည်းငယ်မျှသာရှိသည်။ မီးရောင်အောက်တွင် မင်ရာနှစ်ကြောင်းကိုသာ မြင်လိုက်ရ
ပေမယ့် ကျောက်ဝမ်ယုံးကတော့ ရုတ်ချည်း မျက်နှာပျက်သွားလေသည်။

"ခွေးကောင်"

သူက ဒေါသကြောင့် သွေးကြောစိမ်းများပင် ထောင်လို့လာသည်။ ထိုစာကို လုံးချေပြီး မီးထဲ ပစ်ထည့်လိုက်လေသည်။ မီးတောက်လေးများက ရုတ်ချည်း ဘာအစအနမှမကျန်အောင် ဝါးမျိုလိုက်လေသည်။

ကျောက်ဝမ်ယုံးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသဖြင့် တကျွတ်ကျွတ်အသံပင် ထွက်ပေါ်လာသည်။ တစ်စုံတစ်ခုကို ဇီဝိန်ချုပ်ချင်နေသည့်ပမာ။

သူ့ပုံစံက တကယ့်ကို ပုံမှန်သိပ်မဟုတ်ပေ။

အန်းကုန်းကုန်းက ဘာကိစ္စလည်းဆိုတာ
မသိပေမယ့် ဒီနှစ်‌တွေမှာ အတွေ့အကြုံများပြားလာသည်နှင့်အမျှ ဒီလိုအချိန်မျိုးမှာ တိတ်တိတ်နေတာက ပိုကောင်းပါသည်။ အန်းကုန်းကုန်းက သူ့ရဲ့တည်ရှိမှုကို တတ်နိုင်သလောက် လျော့ချရန် အမှောင်ထဲမှာ ပုန်း‌အောင်းနေလိုက်သည်။

ခဏကြာပြီးမှသာ ကျောက်ဝမ်ယုံးက
တဖြေးဖြေး တည်ငြိမ်လာပြီး အန်းကုန်းကုန်းကို လက်ယပ်ခေါ်လိုက်သည်။

"မင်းလာခဲ့"

အန်းကုန်းကုန်းက ကမန်းကတန်း သူ့ရှေ့မှောက်သို့ ပြေးသွားလိုက်လေသည်။ ကျောက်ဝမ်ယုံးက သူ့နားရွက်နားမှာ အသံတိုးတိုးလေးဖြင့် မိန့်ကြားလိုက်သည်။ ထိုအမိန့်က အနည်းငယ် ထူးဆန်းနေသဖြင့် အန်းကုန်းကုန်းက ဇဝေဇဝါဖြစ်သွားလေသည်။ သို့ပေမယ့် အမေးအမြန်းထူမနေတော့ဘဲ အမြန် ထွက်သွားလိုက်သည်။

ကျောက်ဝမ်ယုံးက ဝတ်ရုံလက် ခါလိုက်ပြီး ဟန်ဆောင်မျက်နှာဖုံးတပ်၍ အခန်းထဲ ဝင်သွားလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now