အပိုင်း(၉) ကြင်နာမှုကြောင့် လှုပ်ခတ်တာလား ဒါမှမဟုတ် ရင်ခုန်တာလား

3K 372 7
                                    

ကျောက်ဝမ်ယုံး ရောက်သည့်အချိန်တွင်
ကုထင်ရန်က မည်းမည်းသည်းသည်း ဆေးတစ်ပန်းကန်ကို ကြည့်ပြီး လင်းတမှိုင်မှိုင်နေ လေသည်။

ဘေးနားတွင် ရပ်နေသည့် ဝမ်ကုန်းကုန်းက တရစပ် ဖျောင်းဖျနေလေသည်။

"သခင်လေး သောက်လိုက်ပါ၊ သိပ်လည်း မခါးပါဘူး"

"တကယ်ပါ၊ တကျိတ်တည်းမော့သောက်လိုက်ရင် ဘာမှတောင် သိလိုက်မှာမဟုတ်ဘူး"

ကလေးကို ဂျင်းထည့်နေသည့် လူကြီးတစ် ယောက်နှင့် လုံးဝ တူနေလေသည်။

ကုထင်ရန်က ကြားတော့ မျက်နှာထားပင် ပြောင်းလဲသွားသည်။

"မခါးဘူးဆို ခင်ဗျား သောက်လိုက်ပေါ့"

သူက စိတ်တိုပြီး နှုတ်ခမ်းတောင် စူထားလေသည်။ ကျောက်ဝမ်ယုံးက သူ့ပုံစံကို မြင်တော့ ရယ်မိသွားလေသည်။

သူက ရှေ့တတ်လာပြီး စိတ်ညစ်နေသည့်
ဝမ်ကုန်းကုန်းကို တစ်ခွန်းမေးလိုက်သည်။

"မနက်ကမှ သောက်ထားတာမဟုတ်လား၊ ဘယ်လိုလုပ်ထပ်သောက်ရပြန်တာလဲ"

သူ့ စကားက ကုထင်ရန် ရင်ထဲက မေးခွန်းကို မေးမိလိုက်သည်ဟု မှတ်ယူနိုင်သည်။
ကုထင်ရန်လည်း အနှီလူအား ပယ်ထား
ကြဉ်ထားသည်ကို ဂရုစိုက်မနေတော့ဘဲ
ကျောက်ဝမ်ယုံး၏ လက်မောင်းကို ချက်ချင်း ဆွဲလိုက်ကာ သူ့ကိုယ်နောက်သို့ မသိမသာရွေ့လိုက်ပြီး ခေါင်းတစ်လုံးသာဆန့်ထုတ်ထားလေသည်။

ပါးစပ်ကနေ တတွတ်တွတ်ရွတ်နေသေးသည်။

"ဟုတ်တယ်၊ ဟုတ်တယ်"

ကျောက်ဝမ်ယုံး၏ အပြုံးက ပို၍ နက်ရှိုင်းသွားခဲ့သည်။

ဝမ်ကုန်းကုန်းလည်း မတတ်နိုင်တော့သဖြင့် အရှင်မင်းကြီးကို လွှတ်ခနဲပြောမိလိုက် တော့သည်။

"ဒီဆေးက သမားတော်ချန် အသစ် စပ်ပေးထားတာ၊ မနက်တစ်ကြိမ် ညတစ်ကြိမ်ထမင်းမစားခင်သောက်ရမယ်တဲ့"

သူလည်း မတတ်နိုင်တော့ချေ။ သူတို့က သခင်လေး ဆေးကောင်းကောင်း သောက်တာကို စောင့်ကြည့်ရမည်ဟု အရှင်မင်းကြီးက မိန့်ထားခဲ့သည်။ အဆုံးမှာတော့ သူတို့ကို ဗီလိန်လုပ်ခိုင်းထားပြီး ဧကရာဇ်အရှင်ကလည်း သခင်လေးရဲ့ အရှေ့မှာ ဈေးဆစ်ဖို့သာ တတ်လေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now