အပိုင်း(၅၈) ဖေဖေလာပြီ

1.9K 335 16
                                    

ယနေ့ညတွင် နေဝင်မှောင်မိုက်သွားသည့်အချိန်ထိ ကျောက်ဝမ်ယုံးက မုချန်နန်းဆောင်သို့ ခြေချခြင်းမရှိပေ။

ကုထင်ရန်က သလွန်ထက်မှာ ထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အဆုံးမရှိကျယ်ပြောလှသော လရောင်ကို ကြည့်ရင်း အေးတိအေးစက်နဲ့ပြောလိုက်သည်။

"အဲ့ဒါတွေကို သိမ်းလိုက်တော့"

သူပြောတာက ကြမ်းပြင်ပေါ်မှ ခင်းထားပြီးသား အိပ်ရာခင်းကို ဖြစ်သည်။

ထိုအိပ်ရာခင်းကို ကျောက်ဝမ်ယုံး ကိုယ်တိုင်ကိုယ်ကျခင်းထားတာဖြစ်ပြီး သူကိုယ်တိုင်မှလွှဲ၍ သည်ကာလအပိုင်းအခြားမှာ တစ်လျှောက်လုံး ဘယ်သူမှ မထိရဲကြချေ။

ဝမ်ကုန်းကုန်းက တစ်ချက် တုံ့ဆိုင်းသွားပြီး ခေါင်းလှည့်ကြည့်တော့ ကုထင်ရန်၏ တည်ငြိမ်နေသော မျက်ဝန်းအစုံနဲ့ ရင်ဆိုင်လိုက်ရလေသည်။

ထိုအကြည့်ထဲ၌ လူသတ်ချင်စိတ်များ အမှန်အကန် ကိန်းအောင်းနေသေးသဖြင့်
ဝမ်ကုန်းကုန်းက စိတ်ထဲမှာ တစ်ချက် တုန်တတ်သွားပြီး ချက်ချင်း အစေခံများကို သိမ်းခိုင်းလိုက်တော့သည်။

သူလည်း သတင်းရပြီးသားဖြစ်သည်။ နေ့လည်က အရှင်မင်းကြီး၏ ရင်ခွင်ထဲ ပစ်လဲသည့် ထိုလူက အခု ထိုက်ကျီနန်းဆောင်မှာ အေးအေးဆေးဆေးနေနေပြီး သမားတော်ချန်တောင် အခေါ်ခံထားရသည်။

ထိုလူ အလောတကြီးနဲ့ ပြေးလာရင်း မတော်တဆ ခြေထောက် ထိခိုက်မိသွားခဲ့သည်ဟု ပြောသံကြားသည်။

အရှင်မင်းကြီးက ထိုလူကို အလွန် ဂရုစိုက်ပုံရသည်ဟု ထိုက်ကျီနန်းဆောင်ဘက်မှ သတင်းထွက်လာသောကြောင့် သည်နေ့ည ထပ်လာတော့မည်မဟုတ်ပေ။ အိပ်ယာခင်းများကို သည်အတိုင်း ဆက်ထားထားလျှင်အမှန်ပင် မျက်စိရှုပ်စရာကောင်းသည်။

ဝမ်ကုန်းကုန်းက ကုထင်ရန်၏ မျက်နှာရိပ်ကို တစ်ချက်အကဲခတ်ပြီးနောက် မအောင့်နိုင်တော့သဖြင့် ဖျောင်းဖျလိုက်တော့သည်။

"သခင်လေး နောက်တစ်ခေါက် အရှင်မင်းကြီး လာရင် မျက်နှာသာပေးလိုက်ပါ၊ အဲ့ခါကျရင် အရှင်မင်းကြီး ကျွန်တော်မျိုးတို့ နန်းဆောင်မှာ သေချာပေါက် နေ့တိုင်း နေလိမ့်မယ်"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now