အပိုင်း(၄၂) ထွက်ပြေးခြင်း(ပထမပိုင်း)

1.9K 260 21
                                    

မနေ့က သမားတော်ချန် တစ်ခေါက်လာကြည့်သည့်အချိန်တွင် အားလုံး စီစဉ်ပြီးသလောက်ဖြစ်ကြောင်း၊ ဧကရာဇ်အရှင် ရုတ်တရက်ကြီး ရောက်ချလာရင် မိသွားမှာပဲ စိုးမိကြောင်း ကုထင်ရန်အားပြောခဲ့သည်။

ကုထင်ရန် အနှီစကားကို ကြားသည့်အချိန်တွင် မည်သည့် အမူအရာမှ မပြချေ။ သူက ‌ခေါင်းငုံထားပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"သိပြီ၊ ငါရှင်းလိုက်မယ်"

ထို့နောက် သည်နေ့တွင် သမားတော်ချန်အား ပွဲကြီးပွဲကောင်း ကြည့်ခိုင်းလိုက်သည်။

သမားတော်ချန်က သူ့ကို ကြည့်နေပေမယ့် စိတ်ထဲမှာတော့ ရယ်နေမိသည်။

"သခင်လေးလိုလူက စိတ်ဝင်စားစရာကောင်းသားပဲ"

ကုထင်ရန်က မျက်ခုံးပင့်ပြီး သူ့ကို ကြည့်လာလေသည်။ သမားတော်ချန်က ပြုံးလျက် ဆက်ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုတော့ ထိခိုက်အောင်လုပ်ရဲတယ်၊ တခြားသူအပေါ်မှာတော့ အဲ့ဒီလို သတ္တိမရှိဘူး"

ကုထင်ရန်က နောက်လက်တစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံ မြည်းစမ်းလိုက်သည်။

"မင်းလည်း အဲ့ဒီလိုပဲမဟုတ်ဘူးလား"

သမားတော်ချန်က တစ်ချက် တောင့်တင်းသွားသည်။ ထို့နောက် မချိပြုံး ပြုံးပြလိုက်သည်။

"ဟုတ်ပါတယ်၊ သခင်လေးပြောတာမှန်တယ်"

ကုထင်ရန်က သူ့နှလုံးသားထက်သို့ ဓါးဖြင့် တစ်ချက်ထိုးလိုက်သောကြောင့် သမားတော်ချန်က စကားစမြည်ပြောချင်စိတ်မရှိတော့မှာ သေချာပါသည်။ အခန်းထဲတွင် တိတ်ဆိတ်ကျသွားပြီး ငှက်သံလေးများ တခါတရံ ထွက်ပေါ်လာသည်။

သိပ်မကြာခင်မှာ သမားတော်ချန်က ဆေးလိမ်းပြီးသွားပြီဖြစ်သဖြင့် ပတ်တီးထူထူ စည်းပေးလိုက်သည်။ ကုထင်ရန်က စကားမပြောသေးပေမယ့် စိတ်ကျေနပ်သည့် အပြုံး အရင်ပြုံးပြလာခဲ့သည်။

ထွက်သွားတော့မည့်အချိန်တွင် သမားတော်ချန်က တိုးတိုးလေး ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now