အပိုင်း(၈၅) ခင်ဗျားက ကျွန်တော့်ကို လှောင်ချင်ရုံ သက်သက်ပါ

2K 327 15
                                    

အန်းကုန်းကုန်း၏ စကားထွက်ကျလာသည်နှင့် ကျောက်ဝမ်ယုံး၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။ လက်နားက ရောင်စုံခွက်ကို ဘေးနားက နံရံထက် ပစ်ပေါက်လိုက်သဖြင့် ခွမ်းခနဲ မြည်ဟီးသွားခဲ့သည်။

"ငတုံးတွေ!"

သူက ဒေါသကြောင့် အံတကျိတ်ကျိတ်ဖြစ်နေလေသည်။ ဘေးမှာ ရပ်နေသည့် အန်းကုန်းကုန်းက စကားတစ်ခွန်းမှ မပြောရဲပေ။

"သူတို့ ဘာတွေပြောခဲ့ကြလဲ"

ကျောက်ဝမ်ယုံးသည် စိတ်ထဲက ဒေါသကို မျိုသိပ်ပြီး အန်းကုန်းကုန်းကို ပြောလိုက်သည်။

သူ့ရဲ့ လေသံထဲတွင် ဒေါသများ သိသိသာသာ ကပ်ပါနေခဲ့သည်။ အန်းကုန်းကုန်းက ရင်တထိတ်ထိတ်ဖြစ်သွားသဖြင့် သတိနဲ့ ဖြေကြားလိုက်သည်။

"ဆေးနဲ့ပတ်သက်တဲ့ အကြောင်းတွေ မေးသွားခဲ့တာပါ၊ ထွေထွေထူးမရှိပါဘူး"

ထွေထွေထူးထူးမရှိတာကြောင့် ထိုအချိန်တုန်းက ကုထင်ရန် ထွက်သွားပြီးနောက်ပိုင်းမှာ သူတို့ သံသယမဝင်ခဲ့ကြတာဖြစ်သည်။

သို့ပေမယ့် အခုကြည့်ရတာ ထိုသို့ လုံးဝ မဟုတ်ပုံရသည်။ ထိုအချိန်တုန်းက သခင်လေး ဘာအမူအရာမှ မပြခဲ့သဖြင့် သူ့စိတ်ထဲမှာ တကယ်ပဲ ဘာတွေးနေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပေ။

အန်းကုန်းကုန်းရဲ့ စကားကို ကြားသည်နှင့် ကျောက်ဝမ်ယုံး၏ မျက်ခုံးက အသေကျုံ့သွားခဲ့သည်။

ကျီးချင်းထွက်သွားတုန်းက သူ့ကို စိတ်ပူနေသေးတာသေချာပါသည်။  သူ့မျက်ဝန်းအစုံက လူကို ညာလို့မရပေ။ အနည်းဆုံးတော့ အန်းချီးကို မတွေ့ခင်မှာ သူက မိမိကို သံသယ တစ်စက်လေးတောင် မဝင်ခဲ့ချေ။

သည်လိုဆိုလျှင် ပြဿနာအားလုံးက ထိုသာမန်စကားဝိုင်းမှာ ထွက်ပေါ်လာတာဖြစ်သည်။

"မင်း အန်းချီးကို သွားခေါ်လာခဲ့"

ကျောက်ဝမ်ယုံးက သုန်မှုန်နေသော မျက်နှာထားနဲ့ ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

အန်းကုန်းကုန်း၏ မျက်နှာထားက တောင့်တင်းသွားသည်။ ထိုသို့လုပ်ကာမှ ဗူးပေါ်သလိုပေါ်တော့မည်ဖြစ်သည်။ သို့ပေမယ့် သခင်လေးက မုချန်နန်းဆောင်ထဲမှာ နေနေသဖြင့် သိလိမ့်မည်မဟုတ်ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now