အပိုင်း(၇၄)《လေးပြည်ထောင်သမိုင်း》

3.1K 453 15
                                    

နိုင်ငံရေးနှင့်ပတ်သက်ပြီး အာဏာအားပြိုင်ခြင်းများကို သခင်မကြီးကုက နားမလည်
ပေမယ့် သူမရဲ့ သားကို သူမယုံကြည်သည်။ ကုထင်ရန်က ထိုသို့ပြောမှာတော့ သူမယုံရမည်။

သူမက ဘာဆိုဘာမှ နားမလည်ပေ။ တစ်ခုတည်းသော လုပ်နိုင်စွမ်းက သူမ သားကို ပြဿနာ မပေးဘဲ ကုထင်ရန်ပြောသည့်အတိုင်း အလေးအနက်ထား၍ လုပ်ဆောင်တာပဲဖြစ်သည်။ ကုထင်ရန်က ဝတ်ရုံလက်ထဲကနေ စာတစ်စောင်ကို ယူထုတ်ပြီး သခင်မကြီးကုထံသို့ အသေအချာ ပေးအပ်လိုက်သည်။

"အမေ ဒီစာကို သူ့ဆီပေးလိုက်၊ ဘာလုပ်သင့်လဲဆိုတာ သူသိလိမ့်မယ်"

ကုထင်ရန်၏ မျက်ဝန်းက ခိုင်မာပြတ်သားနေပြီး မှန်းဆလို့မရအောင် တောက်ပနေသည်။
သခင်မကြီးကုက စာကို သတိထား၍ သိမ်းလိုက်သည်။

"အမေသိပြီ၊ မင်းစိတ်ချ"

နောက်တစ်နေ့၊ ကုထင်ရန် နိုးလာသည့်အချိန်တွင် သခင်မကြီးကုအား မြောက်ဘက်ရှိ ဘေးတံခါးပေါက်ကနေ ကျုံးစုဟို့အိမ်တော်သို့  ပြန်ပို့ပြီးနေပြီဖြစ်သည်။ကုထင်ရန်က ကောင်းကင်အရောင်ကို ကြည့်ပြီး အမေက စာကို ထိုလူထံပေးပြီးလောက်ပြီဟု ခန့်မှန်းလိုက်သည်။

အခုကတော့ လောဘကြီးသည့်
ထိုယောင်္ကျားက မချုပ်တီးနိုင်ဘဲ သူ့ဘက်ကစပြီး လာရှာမည့် အချိန်ကို စောင့်ဆိုင်းဖို့သာ လိုသည်။ ကုထင်ရန်က ထိုကိစ္စကို တွေးတောနေဆဲမှာ ရုတ်တရက် ကျောက်ဝမ်ယုံးက ဝင်လာသည်။

ပြုံးလျက် အရှေ့သို့ လျှောက်လှမ်းလာပြီးနောက်လက်ဖြင့် ကုထင်ရန်၏ ခေါင်းကို လှည့်ကာ ပြုံးရင်း မေးလိုက်သည်။

"မင်း ဘာတွေးနေတာလဲ"

ကုထင်ရန်က သူ့လက်ကို ဖယ်ထုတ်လိုက်သည်။

"ဘာမှမဟုတ်ဘူး"

ကုထင်ရန်ရဲ့ အနားကပ်မခံသည့် အပြုအမူက ကျောက်ဝမ်ယုံးကို ချက်ချင်း မျက်နှာပျက်သွားစေသည်။

ကျောက်ဝမ်ယုံးက ဒေါသထွက်ဖို့တောင် အချိန်မရလိုက်ပေ။ ရုတ်တရက် ကုထင်ရန်က စကားလမ်းကြောင်းပြောင်းလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now