အပိုင်း(၇၇) လမစေ့ဘဲမွေးခြင်း (ပထမပိုင်း)

4.1K 497 25
                                    

ကုထင်ရန်က ထိုနာမည်ကို မြင်လိုက်တာနဲ့ ဓါးဒဏ်ရာအမာရွတ်နှင့် မျက်နှာကို သတိရလိုက်သည်။ ဟူလူမျိုးတစ်ယောက်က မြို့တော်ထဲရှိ သတင်းအချက်တွေကို
ဒီလောက်ထိ သိလိမ့်မယ်လို့ မထင်ထားပေ။ ထိုလူရဲ့ ဇာတိရုပ်ကို ကုထင်ရန်လည်း စိတ်ထဲမှာ ဝိုးတဝါး ခန့်မှန်းမိထားသည်။

ဟိုးအရင်တစ်ချိန်တုန်းက ဒုတိယသခင်လေး လျှိုတို့ တစ်မိသားစုလုံး မြို့ပြင်သို့ ပြောင်းရွေ့သွားမှုနှင့်ပတ်သက်ပြီး မြို့တော်ထဲမှာ အတင်းအဖျင်းများစွာ ထွက်ပေါ်ခဲ့သည်။ ဘယ်နှစ်ရက်မှမကြာပေ လူတွေက မေ့ပျောက်သွားကြသည်။ သို့ပေမယ့်
ကုထင်ရန်က မသင်္ကာသဖြင့် လူလွှတ်ပြီးအထူးတလည် စုံစမ်းခိုင်းလိုက်သည်။

ထိုအချိန်တုန်းက ကျူးကောယွီသည် လျှိုမိသားစုနှင့် အနည်းငယ်  မရှင်းလင်းသောဆက်ဆံရေးရှိတယ်လို့သာ သူထင်ခဲ့သည်။ စုံစမ်းကြည့်လိုက်တော့ အဆုံးသတ်မှာ အတော်လေး မမျှော်လင့်ထားသည့် အဖြေထွက်လာသည်။

တကယ်တော့ ကျူးကောယွီနှင့် ဒုတိယသခင်လေး လျှိုသည် ကျောင်းနေဖက်သူငယ်ချင်းကောင်းတွေဖြစ်ကြသည်။ ထိုနှစ်တုန်းက ဘောင်းဘီတစ်ထည်ကိုပင် အတူတူမျှဝတ်ခဲ့ကြပြီး ထိုထက်ပင်မက နှစ်ယောက်သား လိင်တူချစ်ကြိုက်နေကြသည့် ကြားမကောင်းသော ကောလဟာလတွေတောင် ပွက်လောရိုက်သည်အထိ ထွက်ပေါ်လာသည်။

လျှိုမိသားစုက ဂုဏ်သိက္ခာအတွက် ဒုတိယသခင်လေးလျှိုကို လက်ထပ်ထိမ်းမြားပေးရန်  ချက်ချင်း စီစဉ်လိုက်သည်။

ဒါပေမယ့် ထိုကိစ္စက သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို လုံးဝ မထိခိုက်ပေ။
သို့ပေမယ့် နောက်တော့ ဘာအကြောင်းကြောင့်လဲမသိပေ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်မှာ နှစ်ယောက်သား မိတ်ပျက်သွားကြသည်။

နောက်ဆုံးမှာတော့ သူ့ခေတ်သူ့ခါက ကျောင်းဝန်းထဲတွင် ဟိုလေးတကျော်ကျော် ထင်ပေါ်ကျော်ကြားခဲ့သည့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျန်းနန်ရှိ လျှိုမိသားစု၏ ဒုတိယသခင်လေးလျှိုသည် ကုန်သည်များနှင့် လှည့်လည်သွားလာရန် လိုက်သွားခဲ့သည်။ ကျူးကောယွီလည်း မြို့ပြင်လွင်တီးခေါင်တွင် စစ်ရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့သည်။
နှစ်ယောက်က ဆယ်နှစ်ကျော်လောက် ခွဲခွာခဲ့ရသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now