အခန်း(၃၉) ဖုံးကွယ်ထားသော (ပထမပိုင်း)

5.3K 705 21
                                    

ထိုနေ့မနက်မှာ ကျောက်ဝမ်ယုံးက ဂရုတစိုက်ဖြင့် ကုထင်ရန်ကို ပတ်တီးပြန်စီးပေးသည်။ သူ့ရဲ့အမူအရာက ကြည့်ရတာ အရမ်းကို အလေးအနက်ထားနေပြီး ကြီးမားသည့် နာကျင်မှုကို သည်းခံနေရသလိုပင်။

ကျောက်ဝမ်ယုံးက ကုထင်ရန်သည် နာကျင်မှုကို အရမ်းကြောက်သဖြင့် အော်လိမ့်မည်ဟု ထင်ထားသည်။  သူက ကိုယ် ချစ်တဲ့လူကို ကောင်းကောင်းလေးနှစ်သိမ့်ရန် နှစ်သိမ့်မည့်စကားကို ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့သည်။

သို့ပေမယ့် မမျှော်လင့်ဘဲ ထိုနေ့မှာ
ကုထင်ရန်က ထူးထူးဆန်းဆန်း တိတ်ဆိတ်နေသည်။ အသက်ရူသံပြင်းပြင်းတောင် ထွက်မလာချေ။

ကျောက်ဝမ်ယုံးမှာ နေ့တဝက်လောက် ပြင်ဆင်ထားသည့် စကားတွေက အဆုံးမှာ ပြောခွင့်မရလိုက်ချေ။ ကျောက်ဝမ်ယုံး မမြင်နိုင်သည့် ရူ့ထောင့်မှာ ကုထင်ရန်က သူ့လုပ်ကိုင်နေတာကို စကားတစ်ခွန်းမှမပြောဘဲ စိုက်ကြည့်နေသည်။
သို့ပေမယ့် သူ့မျက်လုံးထဲရှိ အေးတိအေးစက်လှောင်ထေ့ချင်‌မှုတွေက ရူရွေ့မျက်လုံးထဲသို့ အလုံးစုံ ဝင်ရောက်သွားခဲ့သည်။

ဒီနန်းတော်ထဲမှာ ဘဝတစ်ဝက်လောက် နစ်မြှပ်ထားခဲ့သည့် လူအိုက မသိမသာ မျက်မှောင်ကျုံ့လိုက်သည်။ ထို့နေ့နောက်ပိုင်းမှာ သူတို့က အပေါ်ယံတည်ငြိမ်အေးချမ်းမှုကို ပြန်ရလိုက်သည်။ ကုထင်ရန်က ကျောက်ဝမ်ယုံး၏ ရှေ့မှာ ထပ်ပြီးတော့လည်း ဘာကိစ္စနဲ့မှ စကားများငြင်းခုံခြင်းမျိူးမရှိတော့ပေ။
ကုမိသားစုနှင့်ပတ်သက်သည့် ကိစ္စကိုလည်း လုံးဝအစမဖော်တော့ချေ။ ကုကွေ့ဖေး၏  ခဏခဏ ပေါ်တင်ရန်စခြင်းမျိုးတွေတောင် သူ့မျက်လုံးထဲမထည့်တော့ပေ။

ကျောက်ဝမ်ယုံး၏ စိတ်က ပိုပြီး လန်းဆန်းတတ်ကြွလာသလို ခံစားမိလိုက်သည်။
ကုထင်ရန်၏ စိတ်ကိုဖြေလျော့ပေးဖို့လည်းမမေ့ပေ။ လူတွေရှေ့မှာ အကြိမ်တိုင်း
ကုရို့လန်ကို ဂုဏ်သိက္ခာ ကျ‌ဆင်း‌အောင်လုပ်ခဲ့ပြီး ကုမိသားစုကိုလည်း တိတ်တိတ်ကလေး ပညာပေးခဲ့သေးသည်။

ထိုအတွက်ကြောင့် ကုမိသားစုလည်း တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းရှိသွားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now